နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

နိုင်ငံရေးအရ လွတ်လပ်နေပြီဆိုပြီး မင်းအောင်လှိုင် စင်ပေါ်တက် ဗြောင်လိမ်ပြန်

မတ်လ (၁၄)ရက်။

နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပြီဆိုပြီး မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ်ဖွင့်ပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ ဒီနေ့ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပါပြီ၊ အရင်က မပြောနိုင်တဲ့ကိစ္စတွေ မပြောရဲတဲ့ကိစ္စတွေကို ပြောရဲဆိုရဲ ပြောနိုင်ဆိုနိုင်ရှိလာကြပြီဖြစ်ပါတယ်။ အရင်က မမျှော်လင့်ရဲတာ‌တွေ မျှော်လင့်နိုင်သလို အရင်က မမက်ရဲခဲ့တဲ့ အိပ်မက်တွေကိုတောင် မက်ခွင့်ရနေပါပြီ” လို့ သူက ဆိုပါတယ်။

မင်းအောင်လှိုင်က နိုင်ငံရေး လွတ်လပ်မှုရနေတယ်ဆိုပြီး ပြောဆိုနေပေမယ့် လက်တွေ့မှာတော့ ဥပဒေတွေ အမျိုးမျိုးထုတ်ပြန်ကာ ပြည်သူတွေကို နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်နေပါတယ်။

“ Facebook မှာ စစ်အုပ်စုကို ဝေဖန်တာ၊ လှောင်ပြောင်တာ၊ “ ဟဟ” ပေးရင်တောင် ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းနေတဲ့သူက နိုင်ငံရေးလွတ်လပ်ခွင့်ရှိတယ်ဆိုပြီး ပြောတာ စင်ပေါ်တက်ပြီး မျက်နှာပြောင်တိုက်တာလို့ ပြောလို့ရတယ်။ အခုထိလဲ အဲ့လိုကိစ္စတွေနဲ့ ဖမ်းဆီးခံနေရတဲ့ ဖြစ်စဉ်တွေက ရှိနေတုန်းပဲ” လို့ ရန်ကုန်မြို့နေပြည်သူတဦးက ပြောပါတယ်။

တဖက်မှာလဲ နိုင်ငံရေးတက်ကြွလှုပ်ရှား‌သူတွေကို မတရားဖမ်းဆီးနေဆဲဖြစ်သလို စစ်တပ်အာဏာသိမ်းပြီးနောက် (၅)နှစ်တာထဲ ဖမ်းဆီးခံရသူ (၂၂၀၀၀)ကျော်ရှိတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

နောက်ပြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းထဲ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ဆိုတာ အပစ်ရပ်ဖို့တခုထဲမဟုတ်ဘဲ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဇစ်မြစ်ကိုပါ ဖြေရှင်းနိုင်အောင် ကြိုးစားရမှာဖြစ်တာကြောင့် နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းဖို့ဆိုပြီး ထပ်မံအသိပေးထားပါသေးတယ်။

ဒါ့အပြင် စစ်ပွဲတိုင်း ဒါမှမဟုတ် လက်နက်ကိုင်ပဋိပက္ခတိုင်းဟာ နိုင်ငံရေးနဲ့ ကင်းလွတ်တာမဟုတ်တဲ့အတွက် နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာဖို့ ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 14 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 15 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 11 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊
မြန်မာသတင်း

ဆောမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်သူကို NUG သေဒဏ်ချမှတ်

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 13 Views
ဧပြီလ (၆)ရက်။ ဆောမြို့နယ်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ကြ လူသတ်အလောင်းဖျောက်တဲ့ (၂၁)နှစ်အရွယ် မင်းမင်းစိုးဆိုသူကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖြစ်စဉ်ဟာ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဆောမြို့ သီရိရတနာရပ်ကွက်နေ အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်ကို မိသားစုနဲ့
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 26 Views
ဧပြီလ (၄)ရက်။ မနေ့က မြိုင်နဲ့ ပေါက်မြို့နယ်ရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး မကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆွေးနွေးပွဲထဲ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားဖို့ အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

မုံရွာနမခက တက်လာတဲ့ MI-17 လေယာဉ်တစီး ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 25 Views
ဧပြီလ (၄)ရက်။ မနေ့က မုံရွာအခြေစိုက် နမခကနေ တက်လာတဲ့ စစ်တပ်ရဲ့ MI-17 လေယာဉ်တစီးကို လိုက်လံပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာနမခကနေ ပေါက် ကပစ(၂၄)နဲ့ ပင်ထောင်ပျုစောထီးရွာကို ခေါက်တုန့်ခေါက်ပြန်ကူးနေတဲ့ MI-17
မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 29 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ဟာ မာရဝိဇယ ဗုဒ္ဓဆင်းတုတော်မြတ်ကြီးကို တည်ခဲ့ပြီး ကြီးကျယ်လှပတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို ဖန်တီးနိုင်တဲ့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 29 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ မင်းအောင်လှိုင်ဟာ တပ်ချုပ်တာဝန် ထမ်းဆောင်ချိန်က တာဝန်ကျေပွန်စွာ