မတ်လ (၁၄)ရက်။
မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့ရှိ KBZ ဘဏ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
“ (၃)နာရီကျော်လောက် (၁၃၃)လမ်းနဲ့ (၁၃၄)လမ်းကြား (၇၈)လမ်း ရန်ကုန်-မန္တလေးလမ်းဟောင်းက KBZ စက်မှုပန်းခြံဘဏ်ခွဲ ဓါးပြတိုက်ခံရတာ။ သိန်း (၂၃၀၀)ကျော်လောက် ပါသွားတယ်ကြားတယ်” လို့ ဆိုပါတယ်။
အဲ့ဒီဖြစ်စဉ်ဟာ ပြည်ကြီးတံခွန်မြို့၊ ဇရပ်ကွက်၊ (၁၃၃)လမ်းနဲ့ (၁၃၄)လမ်းကြား (၇၈)လမ်း ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ ကမ္ဘောဇဘဏ်ခွဲ(၄၂) ဓါးပြတိုက်ခံရတာပါတယ်။
အဲ့ဒီကမ္ဘောဇဘဏ်ကို ဆိုင်ကယ်တစီးနဲ့ အမည်မသိ အမျိုးသား (၂)ဦးဟာ သေနတ်နဲ့ ဓါးတွေ ကိုင်ဆောင်ပြီး ဘဏ်ထဲဝင်ရောက်ကာ ဓါးပြတိုက်ခဲ့တာပါ။
အဲ့ဒီနောက် ဘဏ်ထဲရှိ ကောင်တာကနေ ငွေကျပ် (၂၃၉၂၀၅၀၀၀)ကို ယူဆောင်သွားပြီး ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း မြောက်ဘက်ကို မောင်းနှင်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။
အဲ့ဒီကမ္ဘောဇဘဏ် (၄၂)ဟာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဇူလိုင်လ (၁၅)ရက်နေ့ကလဲ ဓါးပြတိုက်ခံခဲ့ရပြီး ငွေကျပ်သိန်း(၁၈၀၀)နီးပါး ပါသွားခဲ့တယ်လို့ သတင်းထုတ်ပြန်ချင်တွေအရ သိရပါတယ်။









