ဖေဖော်ဝါရီလ (၁၆)ရက်။
စစ်ကိုင်းတိုင်းမှာ ဆူပူသောင်းကျန်းတာတွေ ပေါများတာက အသိပညာအားနည်းတာကြောင့်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဟုမ္မလင်းမြို့ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ စစ်ကိုင်းတိုင်းဒေသကြီး အချို့နေရာတွေမှာ ဆူပူသောင်းကျန်းတာတွေ ပေါများတာက အသိပညာအားနည်းတာ၊ အတတ်ပညာ အားနည်းတာတွေနဲ့ ဆက်စပ်နေတာကို အခြေခံအနေနဲ့ တွေ့ရှိနိုင်တယ်” လို့ သူက ဆိုပါတယ်။
နောက်ပြီး နိုင်ငံရေးအရ သဘောထားကွဲလွဲတာတွေကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းဆောင်ရွက်ဖို့ ပြောဆိုထားပါသေးတယ်။
ဒါ့အပြင် နိုင်ငံရေးကို အကြောင်းပြပြီး ကိုယ်ကျိုးအတွက် နိုင်ငံရဲ့ သယံဇာတတွေကို တရားမဝင် ထုတ်ယူနေသလို လက်နက်အားကိုးနဲ့ ပြည်သူတွေဆီကနေ ငွေကြေးကောက်ခံနေတယ်ဆိုပြီး စွပ်စွဲထားပါတယ်။
ဒီလိုလုပ်ဆောင်နေတာတွေကြောင့် ဒေသခံပြည်သူတွေ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်နေရပြီး ဝိုင်းဝန်းတိုက်ဖျက်ဖို့ ကျေးရွာတွေကို မီးရှို့ကာ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေတဲ့ စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုထားပါတယ်။
ဟုမ္မလင်းမြို့ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်ဟာ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ ပြောဆိုခဲ့သလို ဒေသတည်ငြိမ်အေးချမ်းဖို့ကို ပျက်စီးအောင်လုပ်သူတွေကို ဝိုင်းဝန်းဆန့်ကျင်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။








