ဖေဖော်ဝါရီလ (၁၉)ရက်။
ဒေါ်ကြည်ပြာအနေနဲ့ ဝန်ထမ်းတွေအပေါ် ချိုသာစွာ ပြောဆိုဆက်ဆံဖို့ NUG ဝန်ကြီးချုပ်ရုံးက မနေ့ကရက်စွဲနဲ့ ပြင်းထန်စွာ သတိပေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒေါ်ကြည်ပြာကို စုံစမ်းစစ်ဆေးနေချိန်ထဲ တာဝန်ကနေ ယာယီရပ်နားခဲ့ကာ ဖေဖော်ဝါရီလ (၇)ရက်နေ့ရက်စွဲနဲ့ အစီရင်ခံစာကို ပြည်ထောင်စုဝန်ကြီးချုပ်ထံ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီအစီရင်ခံစာမှာ ဒေါ်ကြည်ပြာဟာ ဝန်ထမ်းတွေအပေါ် နှုတ်နဲ့ ချိုသာမှုမရှိဘဲ ပြောဆိုဆက်ဆံတာကို တွေ့ရကာ အဂတိမှုနဲ့ပတ်သက်ပြီး တိုင်ကြားသူတွေဘက်က သက်သေပြနိုင်တာမရှိဘူးလို့ ဖော်ပြထားပါတယ်။
နောက်ပြီး တိုင်ကြားခံရသူဘက်က ဘဏ္ဍာရေးဆိုင်ရာ စာရင်းဇယားတွေ၊ စာရင်းစစ်အစီရင်ခံစာတွေ တင်ပြခဲ့ပြီး အဂတိလိုက်စားတာ မတွေ့ရဘူးလို့ ရေးသားထားပါတယ်။
ဒါ့ကြောင့် ဒေါ်ကြည်ပြာကို တရားစွဲဆို အရေးယူဖို့ ပေါ်ပေါက်တာမရှိသလို ရာထူးကနေ ထုတ်ပယ်နိုင်လောက်တဲ့ အချက်တွေလဲ မတွေ့ရဘူးလို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် ဒေါ်ကြည်ပြာဟာ ဝန်ထမ်းတွေအပေါ် ချိုသာစွာ ပြောဆိုဆက်ဆံတာ မရှိတာကို တွေ့ရတယ်လို့ ပြောဆိုထားပါတယ်။
အခုအချိန်ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ နည်းမျိုးစုံနဲ့ ဖိနှိပ်တာတွေကြောင့် ဝန်ထမ်းတွေဟာ ဒုက္ခမျိုးစုံ ခံစားနေရတဲ့အပြင် စိတ်ဖိစီးတာတွေကြောင့် ချိုသာစွာ ပြောဆိုဆက်ဆံပြီး ပပျောက်အောင် ဆောင်ရွက်ရမယ့်အချိန်လို့ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီအတွက် ဒေါ်ကြည်ပြာအနေနဲ့ နောင်မှာ ဝန်ထမ်းတွေအပေါ် ချိုသာစွာ ပြောဆိုဆက်ဆံတာမရှိတာကို မပြုလုပ်ဖို့ ပြင်းထန်စွာ သတိပေးတာလို့ သိရပါတယ်။








