မတ်လ (၂၀)ရက်။
အရွယ်ရောက်ပြီးတဲ့ ချင်းပြည်သူတိုင်း စစ်မှုထမ်းဖို ချင်းအမျိုးသားတပ်ဦး(CNF)က ဒီကနေ့ (၃၈)နှစ်မြောက် ချင်းတော်လှန်ရေးမှာ တိုက်တွန်းခဲ့တယ်လို သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ တရားမဝင်ရွေးကောက်ပွဲကနေတဆင့် အတုအယောင်လွှတ်တော်နဲ့ စစ်တပ်အခွံလဲအစိုးရကို ဖွဲစည်းပြီး စစ်အုပ်စုအာဏာတည်ဖို နည်းလမ်းပေါင်းစုံနဲ့ ပြည်သူနဲ့ နိုင်ငံတကာကို လှည့်ဖျားဖို ကြိုးပမ်းနေတာကို အထူးသတိထားရမယ်လို ဆိုပါတယ်။
အဲ့ဒီအတွက် ပြည်သူနဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ရန်သူနဲ့ မိတ်ဆွေကို ရှင်းရှင်းလင်းလင်း ခွဲခြားပြီး ညီညီညွတ်ညွတ်နဲ့ လက်တွဲတော်လှန်ကြရမယ့်အချိန်လို ဖော်ပြထားပါတယ်။
ဒီကနေ့ဟာ ချင်းတော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ရေး၊ နိုင်ငံရေးအင်အားကို ပိုမိုစုစည်းခိုင်မာအောင် တည်ဆောက်ပြီး ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲကို ဆင်နွှကြရမယ့် အချိန်ကာလကို ရောက်နေပြီလို ရေးသားထားပါတယ်။
ဒါ့ကြောင့် အရွယ်ရောက်ပြီးသူ ချင်းအမျိုးသားပြည်သူတရပ်လုံး အမျိုးသားရေးအသိ၊ အမျိုးသားရေးတာဝန်နဲ့ ချင်းတော်လှန်ရေးမှာ စစ်မှုထမ်းကြဖို အထူးတိုက်တွန်းထားပါတယ်။
နောက်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာရှိ ချင်းလူမျိုးတွေအနေနဲ့ အသက်နဲ့ခန္ဓာ ပေးလှူခဲ့ကြတဲ့ အာဇာနည်တွေနဲ့ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးရဲဘော်တွေကို အောက်မေ့သတိရပြီး ပြည်သူ့တော်လှန်ရေးပန်းတိုင်ကို အနှေးနဲ့အမြန် ရောက်ရှိနိုင်ဖို လူအင်အား၊ ဓနအင်အား ပိုမိုစိုက်ထုတ်ပါဝင်ဖို နှိးဆော်ထားပါတယ်။
ဒါ့အပြင် (၃၈)နှစ်တာ ချင်းတော်လှန်ရေးကာလထဲ အသက်ပေးလှူသွားကြတဲ့ သူရဲကောင်းအာဇာနည်တွေနဲ့ ကိုယ်အင်္ဂါတစိတ်တပိုင်းကို ပေးလှူခဲ့ကြတဲ့ ရဲဘော်ရဲမေတွေကို CNF က ဂုဏ်ပြုဦးညွတ် ဂါရဝပြုတယ်လို ထည့်သွင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။








