မတ်လ (၂၃)ရက်။
မနေ့က နံနက် (၈)နာရီခွဲအချိန်က ပဲခူးအနောက်ခြမ်း ဇီးကုန်းမြိုကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဇီးကုန်းကနေ ဆိုင်ကယ် (၁၂)စီးနဲ့ စစ်ကြောင်းထွက်လာတဲ့ စစ်တပ်ကို ဘဲအင်းလမ်းဆုံကို ကာကွယ်ရေးတပ်ဖွဲတွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ” လို ဆိုပါတယ်။
အဲ့ဒီစစ်တပ်စစ်ကြောင်းဟာ ဇီးကုန်းမြိုကနေ ဆိုင်ကယ် (၁၂)စီးနဲ့ စစ်ကြောင်းထွက်လာချိန် ဘဲအင်းလမ်းဆုံမှာ သာယာဝတီခရိုင်-၃၈၀၂တပ်ရင်း တပ်ခွဲ(၄/၅)တိုက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို ဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် စစ်တပ်ဘက်က စစ်ကူလာတဲ့ ကား (၃)စီးကို ဇီးကုန်းမြို တမိုင်ခန့်အကွာရှိ မယင်းကုန်းကနေ ကြားဖြတ်တိုက်ခိုက်ခဲ့ကာ တိုက်ပွဲ (၂)နေရာခန့် ဖြစ်ပွားခဲ့တယ်လို ရေးသားထားပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်တပ်ဘက်က (၈)ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရခဲ့သလို လက်နက်ခဲယမ်းတွေ၊ စစ်သုံးဆက်စပ်ပစ္စည်းတွေနဲ့ ဖုန်း (၃)လုံး သိမ်းပိုက်ရရှိခဲ့တယ်လို ပြောဆိုထားပါတယ်။
စစ်ဆင်ရေးထဲ ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၈၀၂)တပ်ရင်းအနေနဲ့ အထိအခိုက်မရှိဘဲ အောင်မြင်စွာ စစ်ဆင်ရေး ဖော်ဆောင်နိုင်ခဲ့တယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။








