မတ်လ (၂၃)ရက်။
ဖာပွန်ခရိုင် လူသောမြိုနယ်ရှိ စစ်ကောင်စီရဲ့ ကော်သွေးကျိူးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို Rebel Bees-UAV Force ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ လူသောမြိုနယ်အခြေစိုက် ကော်သွေးကျိုးတပ်စခန်းကို KNLA ဦးဆောင်တဲ့ ဒရုန်းတပ်ဖွဲတွေအပါအဝင် ပူးပေါင်းတပ်တွေက မတ်လ (၁၇)ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို ဆိုပါတယ်။
ကော်သွေးကျိုးတပ်စခန်းကို အဲ့ဒီနေ့ ညနေ (၄)နာရီအချိန်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို ဖော်ပြထားပါတယ်။
အဲ့ဒီစခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က အကျအဆုံးများပြီး စခန်းစွန့်ခွာထွက်ပြေးသွားခဲ့တယ်လို ရေးသားထားပါတယ်။
ကော်သွေးကျိုးစခန်းဟာ KNU ရဲ့ တပ်မဟာ(၃)နဲ့ တပ်မဟာ(၅)အစပ်အနီး လူသောမြိုနယ်မှာ တပ်စွဲထားတာဖြစ်ပြီး တိုက်ပွဲမှာ ဒရုန်းဖျက်စက်တွေနဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို ထုတ်ပြန်ထားပါတယ်။
အခုလို ကော်သွေးကျိုးစခန်း သိမ်းပိုက်နိုင်ခဲ့တာနဲ့ပတ်သက်ပြီး KNU ဘက်ကတော့ တရားဝင် ထုတ်ပြန်ပြောဆိုထားတာ မရှိသေးဘူးလို သိရပါတယ်။










