နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီး နဲ့ ယင်းမာပင် ဘက်ကို စစ်တပ်က ရေကြောင်း အသုံးပြုကာ အင်အားအပြည့်နဲ့ စစ်ကြောင်းထိုးလာ၊ ဒေသခံ တစ်သောင်းဝန်းကျင် အလျင်အမြန် ထွက်ပြေးတိမ်းရှောင်နေရ

မုံရွာ ရေကြောင်းကနေ တက်လာတဲ့ အင်အား ၁၈၀ ခန့် သင်္ဘော အပြည့်ပါလာတဲ့ စစ်တပ်ဟာ ရေကြောင်းကနေ စစ်ကြောင်းထိုး လာတာကြောင့် ဆားလင်းကြီး၊ ယင်းမာပင်ဘက်က ရွာပေါင်း (၁၀) ရွာခန့်က ဒေသခံတွေဟာ မိုးရွာထဲမှာ ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့သိရပါတယ်။


အဲဒီစစ်ကြောင်းဟာ မုံရွာရေကြောင်းကနေ ညောင်ပင်ကြီးရွာဆိပ်ကမ်းကို ရောက်ရှိလာတာဖြစ်ပြီး လက်ပံတောင်းတောင်ဘက်ကို ဆက်တက်လာကာ ဇွန် (၇) ရက် (အခု) ညမှာ အင်းကြင်းတောင်မှာ တပ်စွဲမှာ ဖြစ်တယ်လို့ ဒေသတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ အဲဒီစစ်ကြောင်းမှာ ရှမ်းနီအဖွဲ့တွေလည်း ပါတယ်လို့ သတင်းရကြောင်း ဒေသကာကွယ်ရေး အဖွဲ့က ဆိုပါတယ်။

ရှမ်းနီအဖွဲ့တွေ ပါဝင်လာတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ ခေတ်မျက်လုံးအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဲဒီလို စစ်တပ်ဟာ ရေကြောင်းကနေ စစ်ကြောင်းထိုးလာတယ်ဆိုတဲ့ သတင်းကြောင့် ဆားလင်းကြီးမြို့နယ်ထဲက၊ မြို့သစ်၊ ဖိုလ်ဝင်တောင် ၊ မတောင့်တ ၊ ဘိုက်သရက် ၊မန်းကျည်းတစ်ထောင် ၊ ဖောင်းတကာ ၊ ယင်းမာပင်နယ်ထဲက မင်းစု ၊ ရွာသာရွာ ၊ ကောင်းသစ် အစရှိတဲ့ ရွာတွေက ဒေသခံ တစ်သောင်းဝန်းကျင်ဟာ ဘေးလွတ်ရာကို အလျင်အမြန်ထွက်ပြေး တိမ်းရှောင်နေရ တယ်လို့သိရပါတယ်။

“ အခုက အားလုံး ကားလမ်းနဲ့အပြည့် ဆိုင်ကယ်မှာ ဝန်စည်စလယ်တွေ အပြည့်နဲ့ ထွန်စက်တွေ၊ ထော်လာဂျီတွေနဲ့ သူတို့ပစ္စည်းတွေနဲ့ ထွက်ပြေးနေရတာပါ” လို့ ဒေသခံတစ်ဦးက ခေတ်မျက်လုံးကို ပြောပါတယ်။

ဆားလင်းကြီးကနေ ပုလဲကိုသွားလို့ရတဲ့ ယင်းမာပင်သွားလမ်းပေါ်မှာ ဒေသခံတွေဟာ လယ်ထွန်စက်၊ ဆိုင်ကယ်၊ ထော်လာဂျီ အစရှိတဲ့ ယာဉ်တွေနဲ့ မိုးရွာထဲမှာ တိမ်းရှောင်ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။

Era’sEye/Photo – (ပေးပို့) တိမ်းရှောင်နေရသည့်ဒေသခံများကို တွေ့ရစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခင်ဦးမှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 15 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ခင်ဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်နက်အပ်ပြီး
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 14 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၄၀)အချိန်က ဒီပဲယင်းနယ်အနောက်ခြမ်းကို စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖထံက သိရပါတယ်။
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးတွေ နာမည်စာရင်း လွှတ်တော်မှာ တင်ပြ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 29 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် အဆိုပြုတဲ့ ဝန်ကြီး (၃၀)ဦးရဲ့ နာမည်စာရင်းတွေကို တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဝန်ကြီးစာရင်းတွေထဲ ခင်မောင်ရီ၊ အောင်ကျော်ဟိုး၊ တင်အောင်စန်း၊ မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊
မြန်မာသတင်း

သဖန်းဆိပ်ဆည်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 15 Views
ဧပြီလ (၇)ရက်။ မနေ့က ကျွန်းလှမြို့ရှိ သဖန်းဆိပ်ဆည်နဲ့ အနီးဝန်းကျင်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဖန်းဆိပ်ဆည်နဲ့ ရေအားလျှပ်စစ်စက်ရုံကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထိန်းချုပ်နိုင်ခဲ့ကာ စစ်တပ်က စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာသတင်း

ကိုယ်တိုင်စီမံပြီး သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ်တို့ နေပြည်တော်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 17 Views
ဧပြီလ (၇)ရက်။ မနေ့က နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ် Ms. Ma Jia တို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတွေ့ဆုံရာမှာ မင်းအောင်လှိုင်က သမ္မတအနေနဲ့ ကြေညာပြီးနောက်ပိုင်း ပြည်ပသံတမန်တွေထဲ ပထမဆုံးလာတွေ့တဲ့
မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 34 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၉)နာရီ (၄၅)မိနစ်လောက်က ခေါ်ဇာအခြေစိုက် အမှတ်(၃၁)ခြေလျင်တပ်ရင်းရဲ့ ကာကင်းစခန်းကို
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 25 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “ ပေါက်နယ် အနောက်မြောက်ပိုင်းမှာရှိတဲ့ စစ်ရှောင်စခန်းတခုကို တံတားဦးလေတပ်နဲ့ မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်သွားတာ။ စစ်ရှောင်တဲတွေ
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊