ရွှေဘိုမြို့နယ်ရှိ နန်းတော်ရာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးသေဆုံးပြီး ၂ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ Flying Dragon Force ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ရွှေဘိုမြို့ နန်းတော်ရာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဇူလိုင်လ ၁၆ရက်နေ့ မနက် ၇နာရီအချိန်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက PD-40 မမ ၂လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ရွှေဘိုမြို့ နန်းတော်ရာတွင်း စကစများ ဝပ်ကျင်းခပ်နေစဉ် ၇နာရီတိတိမှာ PD-(40) မမ ၂လုံးကျွေးရာ စခ ၄ကောင် မာလကီးယား ၂ကောင် ပြင်းထန်ရသွားတယ်ဗျ၊ သေဆုံး စခများကို အုပ်ရှစ်ကန်သုသာန်မှာ မသာချတယ်လို့ သတင်းရတယ်”လို့ ဆိုထားပါတယ်။
အဆိုပါမစ်ရှင်ကို Flying Dragon Force အပါအဝင် ဗိုလ်မိကျောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေဘိုခရိုင် တပ်ရင်း(၄)ခွဲ၊ Shwebo Federal Army၊ ရွှေဘိုအားမာန်မြို့ပြပျောက်ကျား UG မဟာမိတ်ညီနောင် ၅ဖွဲ့ဦးဆောင်ပြီး ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်းပစ်ခတ်တာတွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့ မိဘပြည်သူတွေကို တော်လှန်ရေးရဲဘော်များက များစွာဝမ်းနည်းရကြောင်းနဲ့ နောင်မှာ မိဘပြည်သူများ ထိခိုက်မှုမရှိနိုင်အောင် ကြိုးစားတိုက်ခိုက်သွားမယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။
တိုက်ခိုက်ခံခဲ့ရတာကြောင့် စစ်ကောင်စီတပ်က ရွှေဘိုနောက်ထွက် ထွန်းစက်ရုံနဲ့ စိုက်ပျိုးရေးရုံးကြားရှိ ရွှေဓါးဘုန်းကြီးကျောင်းပတ်လည်မှာ ကားလေးစီးဖြင့် နေရာအနှံ့ အင်အား ၁၀၀ကျော် လုံခြုံရေးချထားတယ်လို့လည်း အသိပေးထားချက်အရ သိရပါတယ်။
Era’sEye