တရားဝင်ထုတ်ဝေထားတဲ့ ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုဆိုတဲ့ အချက်တွေနဲ့ အာမခံပြီးဖြစ်တယ်လို့ စစ်ကောင်စီက ပြောဆိုလိုက်ပါတယ်။
ငွေကျပ်နှစ်သောင်းတန်အသစ် ရိုက်နှိပ်ထုတ်ဝေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဇူလိုင်လ ၂၅ရက်နေ့ထုတ်သတင်းစာမှာ ပြောဆိုလာတာဖြစ်ပါတယ်။
“ တရားဝင်အသုံးပြုနေတဲ့ ငွေကြေးတွေကို တရားမဝင်ငွေကြေးအဖြစ် ဘယ်တော့မှ သတ်မှတ်မှာမဟုတ်ပါဘူး၊ ဒါကိုလည်း အာမခံချက်ပေးလိုပါတယ်” လို့ ၎င်းက ဆိုပါတယ်။
နှစ်သောင်းတန် ငွေစက္ကူအသစ်တွေ အလုံး အရင်းနဲ့ ဝင်ရောက်လာဖို့ လုံးဝမဖြစ်ဘူးဆိုတာ အာမခံကြောင်းနဲ့ ငွေကြေးဖောင်းပွမှုလည်း မဖြစ်နိုင်ဘူးဆိုပြီး အထက်ပါပုဂ္ဂိုလ်က ထပ်မံပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာ ငွေကျပ် နှစ်သောင်းတန် ငွေစက္ကူအသစ်ကို အထိမ်းအမှတ်အနေနဲ့ဆိုပြီး ဇူလိုင်လ ၃၁ရက်နေ့မှာ စတင်ထုတ်ဝေသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
#Era’sEye