နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 10 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

နဝတ/နအဖလက်ထက် နိုင်ငံရေးတာဝန်ယူခဲ့သူတွေရဲ့ နိုင်ငံရေးလစဉ်ပင်စင်ကို စစ်ကောင်စီ ပြင်ဆင်ကာ အမြင့်ဆုံးပင်စင်လစာ (၁၅)သိန်းထိရှိ

၂၀၂၃ ခုနှစ် ၊ ဩဂုတ်(၄)ရက် ၊ ခေတ်မျက်လုံး။

နဝတ/နအဖလက်ထက်က နိုင်ငံရေးတာဝန်ယူခဲ့ပြီး အငြိမ်းစားယူခဲ့သူတွေရဲ့ နိုင်ငံရေးလစဉ်ပင်စင်ကို စစ်ကောင်စီက ဧပြီလ (၂၈)ရက်မှစပြီး ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီက (၂၀၀၆)ခုနှစ်၊ ဧပြီလ (၁)ရက်မတိုင်မီအထိ နိုင်ငံရေးတာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့တဲ့သူတွေနဲ့ ကျန်ရစ်သူ ဇနီး/ခင်ပွန်းတို့ရဲ့ နိုင်ငံရေးလစဉ်ပင်စင်ကို ပြင်ဆင်သတ်မှတ်လိုက်တာလို့ ဆိုပါတယ်။

စစ်ကောင်စီက ပြင်ဆင်သတ်မှတ်လိုက်တဲ့ ပင်စင်လစာမှာ ဥက္ကဌရဲ့ အမြင့်ဆုံးပင်စင်လစာမှာ ငွေကျပ် (၁၅)သိန်းအထိရှိပြီး လစဉ်ပင်စင်ပေါ်မှာ ဝင်ငွေခွန်စည်းကြပ်ခြင်းမှ ကင်းလွတ်စေရမယ်လို့လည်း ဖော်ပြထားပါတယ်။

အခုကြေညာလိုက်တဲ့ ခံစားခွင့်ရှိတဲ့ လစဉ်ပင်စင်အပြင် တခြား နိုင်ငံရေးပင်စင်တစ်ခုခုကို ရရှိခံစားနေသူဆိုရင်လည်း ကြိုက်နှစ်သက်တဲ့ ပင်စင်တစ်ခုခုကို ရွေးချယ်ခံစားခွင့်ရှိတယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီက ပြင်ဆင်သတ်မှတ်လိုက်တဲ့ နိုင်ငံရေးလစဉ်ပင်စင်က နဝတ/နအဖလက်ထက် တာဝန်ထမ်းဆောင်ခဲ့ကြသူတွေဖြစ်ပြီး အဲ့ဒီအချိန်က နဝတဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီး(ငြိမ်း)စောမောင်နဲ့ နအဖဥက္ကဌအဖြစ် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေတို့ ဖြစ်ပါတယ်။

ဒါ့ပြင် ဦးသန်းရွှေ ဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ နအဖလက်ထက်မှာ ဒုဥက္ကဌအဖြစ် မောင်အေး၊ အတွင်းရေးမှူးတွေအဖြစ် ခင်ညွန့်၊ စိုးဝင်း၊ သိန်းစိန်တို့အပြင် သူရရွှေမန်းနဲ့ သီဟသူရတင်အောင်မြင့်ဦးတို့လည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေပါတယ်။

စစ်ကောင်စီပြင်ဆင်တဲ့ နိုင်ငံရေးလစဉ်ပင်စင်မှာ ဥက္ကဌက (၁၅)သိန်း၊ ဒုဥက္ကဌက (၁၂)သိန်း၊ အတွင်းရေးမှူးက (၇)သိန်းကျော်နဲ့ အဖွဲ့ဝင်က (၆၇၅၀၀၀)တို့ဖြစ်ကာ အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်က (၁၀)သိန်း၊ ဒုဝန်ကြီးချုပ်က (၆)သိန်း၊ ဝန်ကြီးက (၄၅၀၀၀၀)နဲ့ ဒုဝန်ကြီးက (၃၃၇၅၀၀)တို့ဖြစ်တယ်လို့ သိရပါတယ်။

#Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အီရန်စစ်ပွဲက ပြောင်းလဲသွားပြီဖြစ်သော်လည်း ထရမ့်၏ ပြောဆိုချက်များမှာ ပြောင်းလဲခြင်းမရှိပေ။

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁၀)ရက်။ ဘောလုံးကို အမြဲတမ်းလှည့်စားပြီး ပြန်ဆွဲယူတတ်သည့် လူစီ (Lucy) ကဲ့သို့ပင်၊ သမ္မတ ဒေါ်နယ်ထရမ့်သည်
မြန်မာသတင်း

တအာင်းပညာရေးရန်ပုံငွေထီ ခေတ္တရပ်နားမယ်လို့ TNLA အသိပေး

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 23 Views
မေလ (၉)ရက်။ တအာင်းပညာရေးရန်ပုံငွေထီကို နိုင်ငံရေးနဲ့ စီးပွားရေး အကြပ်အတည်းတွေကြောင့် ခေတ္တရပ်နားသွားမယ်လို့ TNLA က ဒီကနေ့မှာ အသိပေးထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၉၀၀)နီးပါး ပျောက်ဆုံးနေ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 26 Views
မေလ (၉)ရက်။ ဧရာဝတီတိုင်းထဲ စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ်(၁)က လူငယ် (၈၉၇)ဦးနီးပါး ဒီကနေ့အထိ  ပျောက်ဆုံးနေတယ်လို့ တပ်ထဲသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ “ နတခက စစ်မှုထမ်းဥပဒေနဲ့ ပထမဆုံးအကြိမ် အတင်းအဓမ္မခေါ်ခံထားရတဲ့ လူငယ် (၉၀၀)လောက်မှာ (၃)ယောက်ပဲ နေရပ်ပြန်လာတာ
မြန်မာသတင်း

“အာဆီယံကို ခွေးတိုးပေါက်ကသာ ဝင်ရမယ့် သမတအတု”

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 23 Views
ခေတ်မျက်လုံးရဲ့အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်း (၄၆)မှာ မင်းအောင်လှိုင် အနေနဲ့ ဟန်ပြရွေးကောက်ပွဲလုပ် ကိုယ့်ဖဲ့ကိုယ်ချိုးပြီး ပြည်သူက တင်မြှောက်လိုက်တဲ့ သမတအဖြစ်ကြေငြာပေမဲ့ အာဆီယံကို တန်းတူအဖွဲ့ဝင်အဖြစ် တက်ရောက်နိုင်ခွင့်ရနိုင်ခြေမရှိကြောင်းကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြကြမှာဖြစ်သလို တဖက်မှာလည်း တော်လှန်ရေးဦးဆောင်အဖွဲ့အမည်ခံထားတဲ့ NUG ခေါင်းဆောင်တွေကလည်း
မြန်မာသတင်း

စစ်တပ်က ကျားဖြန့်တွေကို ပျော်စံရာဒေသ ဖန်တီးပေးနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 23 Views
မေလ (၉)ရက်။ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်တွေကို ပျော်စံရာဒေသဖြစ်ဖို့ ဖန်တီးပေးနေတယ်လို့ မနေ့က ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ဟာ မြန်မာမှာ အွန်လိုင်းလိမ်လည်မှုတွေ ဖြစ်ပေါ်နေတာအပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ပျော်စံရာဒေသဖြစ်စေဖို့ ဖန်တီးပေးနေတယ်လို့
မြန်မာသတင်း

ရခိုင်မှာ စစ်တပ်ရဲ့ တရက်ထဲ မရပ်မနား ဗုံးကြဲတာကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 21 Views
မေလ (၉)ရက်။ မေလ (၇)ရက်နေ့က ရခိုင်ရှိ မင်းပြားနဲ့ ကျောက်တော်မြို့က ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ မရပ်မနား ဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ နေ့လယ် (၂)နာရီ
မြန်မာသတင်း

ပြည်သူလိုလားတဲ့ နိုင်ငံသစ် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 25 Views
မေလ (၉)ရက်။ ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ နိုင်ငံသစ်တရပ် ပေါ်ပေါက်အောင် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ နှစ်(၉၀)ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဖြတ်သန်းလာခဲ့ရတဲ့ နှစ်(၉၀)သမိုင်းဟာ သွေးချွေးမျက်ရည်တွေနဲ့ အရင်းအနှီးပြုထားရတဲ့ ဘဝပေါင်းများစွာရဲ့ တိုက်ပွဲဝင်သမိုင်းလို့ ဆိုပါတယ်။
မြန်မာသတင်း

စစ်ကောင်စီရဲ့ ကပစ(၁၆)အနီးရှိ ကာကင်းစခန်းတွေကို AA ထိုးစစ်ဆင်နေ

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 21 Views
မေလ (၈)ရက်။ ပန်းတောင်းမြို မသုန်ရွာအနီးရှိ စစ်ကောင်စီရဲ့ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မသုန်ရွာနား စကမရဲ့ ကပစ(၁၆)နားက ကာကင်းစခန်း (၄)ခုကို AA က