နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 3 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

နဝတ/နအဖလက်ထက် နိုင်ငံရေးတာဝန်ယူခဲ့သူတွေရဲ့ နိုင်ငံရေးလစဉ်ပင်စင်ကို စစ်ကောင်စီ ပြင်ဆင်ကာ အမြင့်ဆုံးပင်စင်လစာ (၁၅)သိန်းထိရှိ

၂၀၂၃ ခုနှစ် ၊ ဩဂုတ်(၄)ရက် ၊ ခေတ်မျက်လုံး။

နဝတ/နအဖလက်ထက်က နိုင်ငံရေးတာဝန်ယူခဲ့ပြီး အငြိမ်းစားယူခဲ့သူတွေရဲ့ နိုင်ငံရေးလစဉ်ပင်စင်ကို စစ်ကောင်စီက ဧပြီလ (၂၈)ရက်မှစပြီး ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီက (၂၀၀၆)ခုနှစ်၊ ဧပြီလ (၁)ရက်မတိုင်မီအထိ နိုင်ငံရေးတာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့တဲ့သူတွေနဲ့ ကျန်ရစ်သူ ဇနီး/ခင်ပွန်းတို့ရဲ့ နိုင်ငံရေးလစဉ်ပင်စင်ကို ပြင်ဆင်သတ်မှတ်လိုက်တာလို့ ဆိုပါတယ်။

စစ်ကောင်စီက ပြင်ဆင်သတ်မှတ်လိုက်တဲ့ ပင်စင်လစာမှာ ဥက္ကဌရဲ့ အမြင့်ဆုံးပင်စင်လစာမှာ ငွေကျပ် (၁၅)သိန်းအထိရှိပြီး လစဉ်ပင်စင်ပေါ်မှာ ဝင်ငွေခွန်စည်းကြပ်ခြင်းမှ ကင်းလွတ်စေရမယ်လို့လည်း ဖော်ပြထားပါတယ်။

အခုကြေညာလိုက်တဲ့ ခံစားခွင့်ရှိတဲ့ လစဉ်ပင်စင်အပြင် တခြား နိုင်ငံရေးပင်စင်တစ်ခုခုကို ရရှိခံစားနေသူဆိုရင်လည်း ကြိုက်နှစ်သက်တဲ့ ပင်စင်တစ်ခုခုကို ရွေးချယ်ခံစားခွင့်ရှိတယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီက ပြင်ဆင်သတ်မှတ်လိုက်တဲ့ နိုင်ငံရေးလစဉ်ပင်စင်က နဝတ/နအဖလက်ထက် တာဝန်ထမ်းဆောင်ခဲ့ကြသူတွေဖြစ်ပြီး အဲ့ဒီအချိန်က နဝတဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီး(ငြိမ်း)စောမောင်နဲ့ နအဖဥက္ကဌအဖြစ် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေတို့ ဖြစ်ပါတယ်။

ဒါ့ပြင် ဦးသန်းရွှေ ဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ နအဖလက်ထက်မှာ ဒုဥက္ကဌအဖြစ် မောင်အေး၊ အတွင်းရေးမှူးတွေအဖြစ် ခင်ညွန့်၊ စိုးဝင်း၊ သိန်းစိန်တို့အပြင် သူရရွှေမန်းနဲ့ သီဟသူရတင်အောင်မြင့်ဦးတို့လည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေပါတယ်။

စစ်ကောင်စီပြင်ဆင်တဲ့ နိုင်ငံရေးလစဉ်ပင်စင်မှာ ဥက္ကဌက (၁၅)သိန်း၊ ဒုဥက္ကဌက (၁၂)သိန်း၊ အတွင်းရေးမှူးက (၇)သိန်းကျော်နဲ့ အဖွဲ့ဝင်က (၆၇၅၀၀၀)တို့ဖြစ်ကာ အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်က (၁၀)သိန်း၊ ဒုဝန်ကြီးချုပ်က (၆)သိန်း၊ ဝန်ကြီးက (၄၅၀၀၀၀)နဲ့ ဒုဝန်ကြီးက (၃၃၇၅၀၀)တို့ဖြစ်တယ်လို့ သိရပါတယ်။

#Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပါလက်စတိုင်းနိုင်ငံ မထူထောင်မချင်း ဟားမတ်စ်က လက်နက်ဖြုတ်သိမ်းရန် ငြင်းဆို ထားသည်။

  • 2025 ခုနှစ်၊ ဩဂုတ်လ 3 ရက်
  • 1 Views
ဘီဘီစီ- ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၃ရက် ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွင် အစ္စရေး၏ အဓိက တောင်းဆိုချက် တစ်ခုအား တုံ့ပြန်သည့်အနေဖြင့်
မြန်မာသတင်း

ရှစ်လေးလုံးအထိမ်းအမှတ် ကမ္ဘာလုံးဆိုင်ရာ ထီးသပိတ်ပြုလုပ်ဖို့ လှုံ့ဆော်

  • 2025 ခုနှစ်၊ ဩဂုတ်လ 2 ရက်
  • 20 Views
ဩဂုတ်လ (၂)ရက်။ လာမယ့် ဩဂုတ်လ (၈)ရက်နေ့မှာ ကျရောက်မယ့် (၃၇)နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနေ့မှာ ကမ္ဘာလုံးဆိုင်ရာ (၈၈၈၈)ထီးသပိတ်ပြုလုပ်ဖို့ ရန်ကုန်လူထုသပိတ်က လှုံ့ဆော်ထားတယ်လို့
မြန်မာသတင်း

ပဲခူးရိုးမထဲ အထိုင်ချနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ဗိုလ်ကြီးအဆင့်အပါအဝင် (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 2 ရက်
  • 13 Views
ဩဂုတ်လ (၂)ရက်။ ဇူလိုင်လ (၃၀)ရက်နေ့က ပဲခူးရိုးထဲရှိ ဆွာဆည်ရှင်းလင်းဆောင်မှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပဲခူးရိုးမထဲက ဆွာဆည်ရှင်းလင်းဆောင်မှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး
မြန်မာသတင်း

မင်းအောင်လှိုင်က ဝန်ကြီးချုပ်အနေနဲ့ ခန့်အပ်ထားတဲ့ ညိုစော ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 2 ရက်
  • 21 Views
နိုင်ငံထဲ နေထိုင်သူတွေ တည်ဆဲဥပဒေတွေ လိုက်နာကြဖို့ဆိုပြီး ပြောဆိုခဲ့ ဩဂုတ်လ (၂)ရက်။ စစ်ခေါင်းဆောင် မင်အောင်လှိုင်က အစိုးရအဖွဲ့ဆိုပြီး အသစ်ဖွဲ့စည်းကာ ဝန်ကြီးချုပ်အနေနဲ့ ခန့်အပ်ထားတဲ့ ညိုစောက မနေ့က နေပြည်တော်မှာ ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ
မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးတွေအပါအဝင် အတွဲလိုက်ဒုံးတွေနဲ့ ကြဲချတိုက်ခိုက်၊ ပြည်သူ (၁)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 1 ရက်
  • 24 Views
ဩဂုတ်လ (၁)ရက်။ မနေ့က နောင်ချိုမြို့ ဒိုးပင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးတွေအပါအဝင် အတွဲလိုက်ဒုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒိုးပင်ရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က
မြန်မာသတင်း

ဘုံရန်သူတူပေမဲ့ ရည်မှန်းချက်မတူညီတဲ့တော်လှန်ရေး

  • 2025 ခုနှစ်၊ ဩဂုတ်လ 1 ရက်
  • 16 Views
ဘုံရန်သူတူပေမဲ့ ရည်မှန်းချက်မတူညီတဲ့တော်လှန်ရေး NUG, တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ KIA, TNLA,MNDAA, SSA, KNDF, KNU, CB, CNF တို့နဲ့ တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေရဲ့ ဘုံရန်သူဟာ စစ်ကောင်စီ ဖြစ်ပါတယ်။ ဘုံရန်သူတူ နေပေမဲ့ ရည်မှန်းချက်တွေက
မြန်မာသတင်း

စစ်ကောင်စီအဖွဲ့ဝင်တွေအနေနဲ့ ခန့်အပ်ခံခဲ့ရသူတွေ ကာ/လုံရဲ့ ဗဟိုအကြံပေးအဖွဲ့မှာ တာဝန်ပေးခံရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 1 ရက်
  • 21 Views
ဩဂုတ်လ (၁)ရက်။ အရင်က စစ်ကောင်စီအဖွဲ့ဝင်တွေအနေနဲ့ ခန့်အပ်ခံထားရသူတွေကို အသစ်ဖွဲ့လိုက်တဲ့ ကာ/လုံရဲ့ ဗဟိုအကြံပေးအဖွဲ့မှာ တာဝန်ပေးထားခဲ့တယ်လို့ ကာ/လုံရုံးရဲ့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီကို ဖျက်သိမ်းပြီးနောက် ကာ/လုံရဲ့ ဗဟိုအကြံပေးအဖွဲ့ဆိုပြီး (၁၅)ဦးနဲ့ ဖွဲ့စည်းခဲ့ကာ အဲ့ဒီအထဲ
မြန်မာသတင်း

ဒုဗိုလ်ချုပ်ကြီး ဂွန်မော်အပါအဝင် KPICT နဲ့ CRPH တို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 1 ရက်
  • 22 Views
ဩဂုတ်လ (၁)ရက်။ မနေ့က နံနက် (၈)နာရီအချိန်မှာ ကြားကာလ ကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(KPICT)နဲ့ CRPH တို့ ဗီဒီယိုကွန်ဖရင့်ကနေတဆင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်အပါအဝင် အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေအပြင်