ယင်းမာပင်မြိုနယ်မှာရှိတဲ့ ကျောက်ကုန်းရွာက ဘုန်းကြီးကျောင်းမှာ (၃)ရက်တာ တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်တွေ ပြန်လည်ထွက်ခွါတဲ့အချိန်မှာ တော်လှန်ရေးတပ်ပေါင်းစုရဲ့ ကင်းပုန်းတပ်စိတ်နဲ့ထိပ်တိုက်တိုးကာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို သိရပါတယ်။
အဲဒီတိုက်ပွဲက (၂)နာရီကျော်ကြာမြင့်ခဲ့ပြီးတော့ စစ်ကောင်စီရဲ့ အတွင်းသတင်းတွေအရ (၅)ဦးသေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဘက်က အထိနာခဲ့တာကြောင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ (၄)ကြိမ်တိတိ ပစ်ကူပေးခဲ့ပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် တပ်ပေါင်းစုဘက်က ရဲဘော် (၆)ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ တပ်ပေါင်းစုက ပြောဆိုခဲ့ပါတယ်။
တပ်ပေါင်းစုအနေနဲ့ စစ်ကောင်စီဘက်က MA(1) (၂)လက်၊ MA(2) (၁)လက်၊ 5.56 ကျည် (၄၀၀)တောင့်၊ ကျည်ဘောက် (၁၇)ဘောက်၊ Icon (၁)လုံးနဲ့ ဖုန်း (၁)လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒီထိတွေ့တိုက်ပွဲကို ULF(တပ်ပေါင်းစု)မှ စစ်ကြောင်းမှူး ဗိုလ်နိုင်မင်း ဦးဆောင်ပြီး Comrade Column(CC) နဂါးညီနောင်တပ်ဖွဲ့(DBTF)၊ ဗိုလ်မုတ်ဆိတ်တပ်ဖွဲ့၊ ချိုမိုင်မိုင် တော်လှန်ရေးအင်အားစု၊ ဗျတ္တညီနောင်၊ ချင်းတွင်းတိုက်ဂါး(LPDF)၊ ဗိုလ်ထွန်းတောက်(LPDF)၊ Chindwin Myay Division PDF(တပ်ခွဲ)၊ B Two Fighters၊ Bant Two၊ Alpha Column က ခွဲ(၁) Alpha Special Force၊ ခွဲ(၂) Triple Two Task Force၊ခွဲ(၃)Chindwin Galone Yarzar Gureilla၊ ခွဲ(၄) Monywa Truth Of Force၊ ခွဲ(၅)Yinmarbin Local PDF၊ KLG Column(တပ်ရင်း ၂၁၊၂၂၊၂၃) တို့အပြင် ဒေသမဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ ယင်းမာပင်ခရိုင်(တပ်ရင်း ၁/၂)၊ YMB Column၊ B 21 PDF(တပ်ရင်း ၁၇)၊ PDA(တပ်ရင်း ၃၅)၊ ဗိုလ်နှုတ်ခမ်းမွှေးတပ်ဖွဲ့တို့က ပူးတွဲဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။