နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ပြည်သူတွေကိုခြေရာခံစောင့်ကြည့်နိုင်ဖို့ ဒီဂျစ်တယ်မှတ်ပုံတင်စနစ်ကတ်တွေရဲ့ နည်းပညာအကူအညီ တရုတ်အစိုးရထံ စစ်ကောင်စီတောင်းခံထား

အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူတွေကို ပိုမိုခြေရာခံစောင့်ကြည့်ဖို့ ရည်ရွက်ချက်နဲ့ နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)ကို စမတ်ကတ် အဖြစ်ပြောင်းလဲဖို့ စစ်ကောင်စီက စတင်လုပ်ဆောင်နေပြီး အဲ့ဒီအတွက် နည်းပညာအကူအညီတွေကို တရုတ်အစိုးရထံ တောင်းခံထားတယ်လို့ AP သတင်းဌာနရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။


နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) ကို အီလက်ထရောနစ် နိုင်ငံသားစိစစ်ရေး ကတ် (စမတ်ကတ်) အဖြစ် ပြောင်းလဲဖို့ စစ်ကောင်စီက အခုနှစ် နှစ်လယ် လောက်ကတည်းက စတင်ဆောင်ရွက်နေပြီး ရန်ကုန်မြို့အပြင် အခြားပြည်နယ်နဲ့ တိုင်းတချို့မှာ အဲ့ဒီလုပ်ငန်းစဉ် စတင်နေတာဖြစ်ပါတယ်။

ဒီနှစ်အတွင်းမှာ စစ်ကောင်စီက Biometric Data (ဇီဝဆိုင်ရာ အချက်အလက်) ကောက်ယူတာကို နေရာအနှံ့ အင်တိုက်အားတိုက်နဲ့ အဓိထားလုပ်ဆောင်လာတယ်လို့ Burma Affairs & Conflict Study ရဲ့ အချက်အလက်အရ သိရပါတယ်။

“ အဲဒီကတ်လုပ်ရင် ဘာဖြစ်နိုင်လဲဆိုပြီး‌မေးနေကျတာတွေရှိတယ်။ ပြည်သူတွေ စိုးရိမ်လည်း စိုးရိမ်စရာပဲ၊ သူတို့က ဘာအတွက် စာရင်းယူမှန်း မသိတော့ လူတွေ မယုံကြည်ကြဘူး” လို့ ရန်ကုန်နေ ပြည်သူတစ်ဉီးက ခေတ်မျက်လုံးကိုပြောပါတယ်။

ဒါပြင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ မှတ်ပုံတင် စမတ်ကတ် (Smart card) မပြုလုပ်ရသေးသူတွေ ခရီးသွားပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ လဝက ရုံးထောက်ခံချက် တောင်းခံနေပြီး လက်ရှိစမတ်ကတ် မလုပ်ရသေးသူတွေကို ပြုလုပ်ဖို့လည်း စစ်ကောင်စီက ဖိအားပေးမှုတွေ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က အဲ့ဒီ နိုင်ငံသားစိစစ်ရေး ကတ်‌ကို စမတ်ကတ်အဖြစ် ပြောင်းလဲဖို့ ဩစတြေးလျနိုင်ငံ OESD ဆီကနေ ယူရို ၃၃ သန်း ချေးယူကာ အဆင့် ၃ ဆင့်နဲ့ ဆောင်ရွက်နေတာဖြစ်ပြီး ရှေ့ ပြေးအနေနဲ့ အချက်အလက်ကောက်ယူတဲ့လုပ်ငန်း‌တွေကို ဆောင်ရွက်ခဲ့ပေမဲ့ စစ်ကောင်စီက ၂၀၂၀ မဲရလဒ်ကို မဲလိမ်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့ခြင်းဖြစ်ပါတယ်။

“ ပြည်သူတွေကစစ်တပ်ကို အင်နဲ့အားနဲ့ တော်လှန်နေတဲ့အချိန်မှာ ဒီစနစ်ကိုအကောင်အထည်ဖော်တာ တော်လှန်ရေးကို ကြီးကြီးမားမား ဖိနှိပ်ဖို့ဆိုတာ ရှင်းနေတာပဲ” လို့ အမည်မဖော်လို့တဲ့ ကွန်ပြူတာ ပညာရှင်တစ်ဦးကလည်း သုံးသပ်ထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီက တစ်ဦးချင်းစီရဲ့ ဇီဝဆိုင်ရာ အချက်အလက်တွေ ကောက်ယူနေတာဟာ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်နဲ့ လုံခြုံရေးအတွက် ပိုပြီး စိုးရိမ်စရာဖြစ်လာစေသလို သာမန်နိုင်ငံသားတွေသာမက တော်လှန်ရေးအင်အားစုတွေကိုလည်း ဒီအချက်အလက်တွေ အသုံးပြုပြီးတော့ ထောက် လှမ်းဖမ်းဆီးတာ၊ ကန့်သတ်ဖိနှိပ်တာတွေ ပိုပြီး ပြုလုပ်လာနိုင်တယ်လို့ Burma Affairs & Conflict Study က ထုတ်ဖော်ပြောထားပါတယ်။

ဒါပေမယ့် အာဏာသိမ်းပြီးနောက်မှာ အဲဒီစနစ်ကို ဖော်ဆောင်ဖို့ စစ်ကောင်စီက အသည်းအသန် ကြိုးပမ်းလာတာလည်းဖြစ်သလို သူတို့ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမှာလည်း ပုံမှန်တံဆိပ်တုံးခတ်နှိပ်တဲ့ မဲပေးမှုပုံစံအစား အီလက်ထရောနစ်စက် အသုံးပြုပြီး မဲပေးရမယ့်စနစ်ကို ပြောင်းလဲကျင့်သုံးမယ်လို့ ထုတ်ဖော်ပြောဆိုထားတာတွေ ရှိပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကောင်စီဖွဲ့စည်းတဲ့ မီဒီယာကောင်စီဟာ မြန်မာသတင်းသမားတွေကို ကိုယ်စားမပြုဘဲ ပြင်းထန်စွာကန့်ကွက်တယ်လို့ IPCM ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 2 Views
နိုဝင်ဘာလ (၂၂)ရက်။ စစ်ကောင်စီဖွဲ့စည်းတဲ့ သတင်းမီဒီယာကောင်စီဟာ လွတ်လပ်တဲ့ မြန်မာသတင်းသမားတွေကို ကိုယ်စားမပြုဘူးလို့ လွတ်လပ်သော သတင်းမီဒီယာကောင်စီ(IPCM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မတ္တရာတိုက်ပွဲထဲ စစ်ကောင်စီက လေကြောင်းကနေ ဓါတုအဆိပ်ငွေ့ဗုံးတွေ အသုံးပြုတိုက်ခိုက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 2 Views
နိုဝင်ဘာလ (၂၂)ရက်။ ဒီကနေ နံနက် (၁၁)နာရီခွဲအချိန်က မတ္တရာမြို့နယ်အနောက်ဘက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲထဲ စစ်ကောင်စီက ဓါတုအ‌ဆိပ်ငွေ့ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့
မြန်မာသတင်း

မကွေးမြို့ရှိ ဆေးခန်းတစ်ခုက ဆရာဝန်မတစ်ဦး ဓါးထိုးခံရပြီးသေဆုံး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 1 Views
နိုဝင်ဘာလ (၂၂)ရက်။ မနေ့က ညနေ (၅)နာရီကျော်အချိန်က မကွေးမြို့၊ ပြည်တော်သာလမ်းနဲ့ ဆေးရုံလမ်းထောင့်အနီးက စိမ်းဆေးခန်းမှာ ဆရာဝန်မတစ်ဦး ဓါးထိုးခံရပြီး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မနေ့က ညနေပိုင်းလောက် ‌ဆေးရုံကြီးမျက်နှာချင်းဆိုင်က စိမ်းဆေးခန်းမှာ
မြန်မာသတင်း

မြေပြန့်ဒေသတိုက်ပွဲတွေအတွက် ရဲဘော်သစ်တွေကို MDY-PDF ခေါ်ယူ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 1 Views
နိုဝင်ဘာလ (၂၂)ရက်။ ရှေ့လာမယ့် မြေပြန့်ဒေသတိုက်ပွဲတွေအတွက် ရဲဝံ့တဲ့ တော်လှန်ရေးရဲဘော်တွေ လိုအပ်နေတယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ MDY-PDF အနေနဲ့ “ စုဆောင်း၊ လေ့ကျင့်၊ စုဖွဲ့၊ တိုက်ပွဲဝင်” ဆိုတဲ့
မြန်မာသတင်း

ရေးမြို့ရှိ ကိုးမိုင်တံတား မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ကားတွေပိတ်နေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 1 Views
နိုဝင်ဘာလ (၂၂)ရက်။ ဒီကနေ့ နံနက် (၆)နာရီခွဲအချိန်က ရေးမြို့နဲ့ မလွဲတောင်ကြားရှိ ကိုးမိုင်တံတားမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကားသမားတွေထံက သိရပါတယ်။ “ နံနက် (၆)နာရီခွဲကျော်လောက် ရေးနဲ့ မလွဲတောင်ကြားက ကိုးမိုင်တံတားမှာ မိုင်းပေါက်ကွဲတာ။ တံတားက လမ်းသားတွေ
မြန်မာသတင်း

ပြည်တွင်းကုန်ဈေးနှုန်းတည်ငြိမ်ဖို့ဆိုပြီး စစ်ကောင်စီက အစည်းအဝေးပြုလုပ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 1 Views
နိုဝင်ဘာလ (၂၂)ရက်။ မနေ့က နေပြည်တော်မှာ ပြည်တွင်းကုန်ဈေးနှုန်း တည်ငြိမ်စေဖို့ဆိုပြီး စစ်ကောင်စီရဲ့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးဆောင်တဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ပုံသေဝင်ငွေရရှိနေတဲ့ လခစားဝန်ထမ်းတွေနဲ့ အခြေခံလူတန်းစားတွေအပေါ် သက်ရောက်မှုကြီးမားနေတယ်လို့ စစ်ကောင်စီဝန်ကြီး
1027 Operations မြန်မာသတင်း

နောင်ချို့မှာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဒေသခံ (၁၇)ဦးအထိသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 7 Views
နိုဝင်ဘာလ (၂၂)ရက်။ နိုဝင်ဘာလ (၁)ရက်နေ့ကနေ (၂၁)ရက်အထိ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံ (၁၇)ဦးသေဆုံးပြီး (၂၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို
မြန်မာသတင်း

မှော်ဘီရှိ စစ်ကောင်စီလက်အောက်ခံ မြဝတီအသံလွှင့်ဌာန ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 10 Views
နိုဝင်ဘာလ (၂၁)ရက်။ ဒီကနေ့ ညနေ (၅)နာရီ (၁၀)မိနစ်အချိန်က ရန်ကုန်တိုင်း၊ မှော်ဘီမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြဝတီအသံလွှင့်ဌာနကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ Yangon Army ရဲ့ တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့