နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 19 ရက်

Burma

Burma မြန်မာ့နိုင်ငံရေး

စစ်ကောင်စီအနေနဲ့ တိုင်းပြည်ကို စိုးမိုးထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးလို့ CRPH ထုတ်ပြန်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်၊ ခေတ်မျက်လုံး။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ တိုင်းပြည်ကို စိုးမိုးထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ထိန်းချုပ်နယ်မြေ လက်လွှတ်ဆုံးရှုံးနေရပြီလို့ CRPH ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ (၃)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဒီကနေ့ နိုဝင်ဘာလ (၈)ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ထားတာပါ။

အကြမ်းဖက်နည်းလမ်းကိုသာ ဆုပ်ကိုင်ကျင့်သုံးနေတဲ့ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ထွက်ပေါက်ပိတ်နေတဲ့ အခြေအနေကို ရှောင်ရှားဖို့အတွက် အတုအယောင်ရွေးကောက်ပွဲကို ဖန်တီးအားထုတ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲက လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်တဲ့အပြင် ပဋိပက္ခတွေကိုသာ ပိုမိုတိုးပွားလာစေမယ်လို့ CRPH က ပြောဆိုထားပါတယ်။

လက်ရှိဆိုးရွားနေတဲ့ အခြေအနေတွေကို ရပ်တန့်စေဖို့နဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို ဆက်လက်အဖြေရှာဖို့က စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှုကို ချက်ချင်း ရပ်တန့်အဆုံးသတ်ရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ NUG အစိုးရကို တရားဝင်အသိအမှတ်ပြုပြီး တရားမဝင် စစ်ကောင်စီကို မည်သည့်နည်းလမ်းနဲ့မှ အသိအမှတ်ပြုဆက်ဆံတာမပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။

လက်ရှိ အရပ်သားအစိုးရ အုပ်ချုပ်ရေးစနစ်နဲ့ ဒီမိုကရက်တစ်အဖွဲ့အစည်းတွေ ပိုမိုခိုင်မာ အားကောင်းစေဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက နည်းပညာနဲ့ ငွေကြေးအကူအညီတွေ တိုးမြှင့်ပေးအပ်ဖို့လည်း တောင်းဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် မြန်မာ့နိုင်ငံရေး မြန်မာသတင်း

တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီသွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 21 Views
ဇွန်လ (၁၈)ရက်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပံ့ပိုးကူညီသွားမယ်ဆိုပြီး မနေ့က နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပူးတွဲကြေညာချက်ထဲ စစ်ကော်မရှင်က
နိုင်ငံတကာသတင်း မြန်မာ့နိုင်ငံရေး အရှေ့တောင်အာရှ

အာဆီယံနိုင်ငံအချို့က ခွဲခြားဆက်ဆံတယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးပြော

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 61 Views
မေလ (၁၁)ရက်။ ပြီးခဲ့တဲ့ (၅)နှစ်ထဲ အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံတာတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့တယ်လို့
တရုတ် မြန်မာ့နိုင်ငံရေး

မြန်မာနိုင်ငံထဲ ပဋိပက္ခတွေ မြင့်တက်လာမှာ မလိုလားဘူးလို့ တရုတ်အထူးကိုယ်စားလှယ်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 272 Views
အောက်တိုဘာလ (၁၆)ရက်။ မြန်မာနိုင်ငံထဲ ပဋိပက္ခတွေ မြင့်တက်လာမှာ မလိုလားဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် Mr. Deng Xijiun က မနေ့က NCA (၁၀)နှစ်ပြည့်အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးကို
မြန်မာ့နိုင်ငံရေး

အကြောင်းအမျိုးမျိုးကြောင့် MOD အောက်ကနေ ထွက်သွားကြတဲ့ တပ်ရင်းအချို့ရှိတယ်လို့ NUG ဝန်ခံ

  • 2025 ခုနှစ်၊ မတ်လ 4 ရက်
  • 456 Views
မတ်လ (၄)ရက်။ အကြောင်းအမျိုးမျိုးကြောင့် MOD ရဲ့ CoC အောက်ကနေ နှုတ်ထွက်သွားကြတဲ့ တပ်ရင်းအချို့ရှိတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့မှာပြုလုပ်တဲ့ Press Briefing အစီအစဉ်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာ့နိုင်ငံရေး

စစ်အာဏာသိမ်းတာကို ဘယ်လိုကာကွယ်မလဲ ?

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 534 Views
စစ်အာဏာသိမ်းတာကို ဘယ်လိုကာကွယ်မလဲ။ ဦးထွန်းအောင်ကျော်နဲ့ ဦးကြီးမြင့်တို့ရဲ့ ဆွေး‌နွေးမှု ဒုတိယပိုင်းကို တင်ဆက်လိုက်ပါတယ်။ ဒီဆွေး‌နွေးမှုမှာ စစ်အာဏာသိမ်းတာကနေ ဘယ်လိုကာကွယ်သင့်သလဲဆိုတာကို သူတို့နှစ်ဦးရဲ့အမြင်တွေကို တင်ပြကြသလို ဒုတိယမေးခွန်းဖြစ်တဲ့ ဒီမိုကရေစီစနစ် ခိုင်မာအောင်ဘာတွေလိုအပ်မလဲဆိုတာကို သူတို့ရှုထောင့်တွေကနေ တဆက်တည်း ဆွေး‌နွေး ထားကြပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာ့နိုင်ငံရေး

(၄)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုကြောင့် ကလေးငယ် (၇၀၀)နီးပါးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 445 Views
ဇန်နဝါရီလ (၁၈)ရက်။ အာဏာသိမ်း (၄)နှစ်တာကာလထဲ အကြမ်းဖက်စစ်အုပ်ကြောင့် နိုင်ငံတဝန်းရှိ အသက် (၁၈)နှစ်အောက် ကလေးငယ် (၆၉၃)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ အသက် (၁၈)နှစ်အောက် ကလေးငယ်သေဆုံးခဲ့တာမှာ
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

အောင်ပန်းမြို့ရဲစခန်းက‌ အချုပ်ဖောက်ထွက်ပြေးသူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 521 Views
ဇန်နဝါရီလ (၁၇)ရက်။ ‌အောင်ပန်းမြို့ရဲစခန်းကနေ အချုပ်ခန်းဖောက် ထွက်ပြေးသွားသူတွေအားလုံးကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်ပန်းရဲစခန်းရဲ့ အချုပ်ခန်းကနေ ထွက်ပြေးသွားသူတွေထဲက (၂)ဦးကို ဖြစ်တဲ့နေ့မှာပဲ ဖမ်းမိခဲ့တာ။ နောက်ပြီးတော့ (၁၄)ရက်မှာ (၂)ဦးနဲ့
မြန်မာ့နိုင်ငံရေး

(၁)လတာထိုးစစ်အပြီး မံစီမြို့သိမ်းအောင်ပွဲ ABSDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 699 Views
ဇန်နဝါရီလ (၉)ရက်။ တော်လှန်ရေးတပ်တွေရဲ့ (၁)လတာ ထိုးစစ်အပြီး မံစီမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ အောင်ပွဲအနေနဲ့ ABSDF က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မံစီမြို့အခြေစိုက် စစ်ကောင်စီရဲ့ တပ်ရင်းတွေဖြစ်တဲ့ ခမရ(၆၀၁)၊ ခမရ(၃၁၉)နဲ့ အမတ(၃၅၂)တို့ကို သိမ်းပိုက်နိုင်ခဲ့တာလို့