နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်

Burma

Burma China

တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်နေသည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း သဘောတူစာချုပ်ချုပ်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်၊ ခေတ်မျက်လုံး။

တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်နေတဲ့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း သဘောတူစာချုပ် ချုပ်ဆိုတဲ့ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Hai တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

အဲ့ဒီအခမ်းအနားကို POWER CHINA Resources Ltd နဲ့ မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ကြီးအုံကြီးဝ၊ ကင်းတားနှင့် စေတုတ္ထရာ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း (၃) ခုအတွက် လျှပ်စစ်ဓာတ်အား ဝယ်ယူရေးသဘောတူ စာချုပ် ချုပ်ဆိုခဲ့ပြီးနိုဝင်ဘာလ (၇) ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တယ်လို့ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

တရုတ်-မြန်မာ လျှပ်စစ်ဓာတ်အား ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဖော်ဆောင်ကာ နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ဝန်ဆောင်မှုပေးကာ မြန်မာပြည်သူများအတွက် ပိုမိုများပြားတဲ့ အကျိုးစီးပွားတွေ သယ်ဆောင်လာမယ်လို့ တရုတ်ဘက်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အခု သဘောတူစာချုပ်ချုပ်ခဲ့တဲ့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း (၃) ခုဟာ မြန်မာနိုင်ငံ မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ ဆောက်လုပ်မှာဖြစ်ပြီး စုစုပေါင်းလျှပ်စစ်ဓာတ် ၉၀ မဂ္ဂါဝပ်ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ အခမ်းအနားကို မြန်မာနိုင်ငံဘက်က စစ်ကောင်စီရဲ့ မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်းနဲ့ စီမံကိန်းကုမ္ပဏီ အထွေထွေမန်နေဂျာ Mr. Jiang Xingcheng တို့ တက်ရောက်ခဲ့တယ်လို့ တရုတ်အစိုးရပိုင်သတင်းဌာနမှာလည်း ဖော်ပြထားပါတယ်။

ကြီးအုံကြီးဝဟာ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ တည်ရှိပါတယ်။ ကင်းတားကတော့ မန္တလေးတိုင်းမှာ တည်ရှိပါတယ်။ စေတုတ္ထရာစီမံကိန်းကတော့ မကွေးတိုင်း၊ စေတုတ္ထရာမြို့နယ်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ။ ဆင်ဟွာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

China တရုတ် နိုင်ငံတကာသတင်း အာရှ

တရုတ်နိုင်ငံတွင် ထောင်နှင့်ချီသောလူများ ဖျားနာမှုများကြောင့် ဒရုန်းများ၊ ဒဏ်ကြေး ငွေများနှင့် ပိုက်ကွန်များဖြင့် ခြင်မှပေါက်သော ချီကွန်ဂန်းယာဗိုင်းရပ်စ်(chikungunya virus)ကို တိုက်ထုတ်နေရ။

  • 2025 ခုနှစ်၊ ဩဂုတ်လ 7 ရက်
  • 1.12K Views
တရုတ်အာဏာပိုင်များသည် ပိုက်ကွန်များအသုံးပြုကာ ပိုးသတ်ဆေးဖြန်းခြင်းနှင့် လူထောင်ပေါင်းများစွာကို ကူးစက်စေသည့် ခြင်မှပေါက်ဖွားသော ချီကွန်ဂန်ယာဗိုင်းရပ်စ်ကို တိုက်ဖျက်ရန်အတွက် ဒရုန်းများကိုပင် အသုံးပြုလျက်ရှိသည်။ အာဏာပိုင်များသည် ဗုဒ္ဓဟူးနေ့အထိ
Burma Civil War စစ်ရေးသတင်း

ရွှေကျင်မြိုနယ်၊ ကျားချောင်းရွာအနီးရှိ တောင်ခြေရင်းစခန်းတစ်ခုကို KNLA, BPLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 606 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်၊ ခေတ်မျက်လုံး။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့ ဒီနေ့
1027 Operations China

မြန်မာနိုင်ငံမြောက်ပိုင်းတွင် တိုက်ခိုက်မှုများ ချက်ချင်းရပ်စဲရန် တရုတ် တိုက်တွန်း

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 383 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်၊ ဘေကျင်း။ နိုဝင်ဘာလ (၁၀) ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာ တိုက်ခိုက်မှုတွေကြောင့် ပြည်သူအများအပြား နေရပ်ရွှေ့ပြောင်းနေရတယ်လို့ ကုလသမဂ္ဂက နိုဝင်ဘာ ၁၀ ရက်နေ့မှာ
1027 Operations Burma မြန်မာ့နိုင်ငံရေး

စစ်ရှိန်မြှင့်တင်နေတဲ့ကာလ ချင်းပြည်နယ်မှာ အကူအညီပေးနိုင်ရေး ICNCC နဲ့ အစည်းအဝေးပြုလုပ်ခဲ့

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 503 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ မြန်မာနိုင်ငံအနှံ့ စစ်ရှိန်မြှင့်တင်နေတဲ့ကာလအတွင်း ချင်းပြည်နယ်မှာ အရပ်သားထိခိုက်မှု လျှော့ချရေးနဲ့ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ဖို့ ICNCC နဲ့ NUG ဝန်ကြီးဌာနတို့ အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ရှိန်မြှင့်တင်နေတဲ့ကာလ
1027 Operations Burma Civil War

ညီနောင် (၃) ဖွဲ့ရဲ့ သတင်းပြန်ကြားရေး ဖေ့စ်ဘုတ်စာမျက်နှာ တိုက်ခိုက်ခံရ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 498 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ တရားဝင်သတင်းနဲ့ ပြန်ကြားရေး ဖေ့စ်ဘုတ်စာမျက်နှာ တိုက်ခိုက်ခံရတယ်လို့ ထုတ်ပြန်အသိပေးထားချက်အရ သိရပါတယ်။ ညီနောင် (၃) ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် (MNDAA)၊
Burma Civil War စစ်ရေးသတင်း မြန်မာသတင်း

ထီးချိုင့်မြို့ သိမ်းနိုင်ပြီဆိုသည်မှာ သတင်းအမှားသာဖြစ်တယ်လို့ ထီးချိုင့်မြို့ပြည်သူ့ကာကွယ်ရေး သတင်းထုတ်ပြန်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 594 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ ထီးချိုင့်မြို့ သိမ်းနိုင်ပြီဆိုတာ သတင်းအမှားသာ ဖြစ်တယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးက သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၁၀) ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီက ထီးချိုင့်မြို့ပေါ်အား တိုက်လေယာဉ်နဲ့
Burma Civil War စစ်ရေးသတင်း မြန်မာသတင်း

ထီးချိုင့်မြို့ပေါ်က ရပ်ကွက်တွေကို စစ်ကောင်စီက လေယာဉ်ပစ်ကူနဲ့ ပစ်ခတ်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 677 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ပေါ်က ရပ်ကွက်တွေကို စစ်ကောင်စီက လေယာဉ်ပစ်ကူနဲ့ နိုဝင်ဘာလ (၉)ရက် ညပိုင်းနဲ့ ဒီကနေ့ နံနက်ပိုင်းက ပစ်ခတ်ခဲ့တယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။
Burma Civil War စစ်ရေးသတင်း မြန်မာသတင်း

မွန်ပြည်နယ် ဘုရားသုံးဆူအောက်မှာရှိတဲ့ ချောင်းနှစ်ခွရွာကို စစ်ကောင်စီ လေကြောင်းကနေ တိုက်ခိုက်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 613 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ ဒီနေ့မနက်အစောပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းတပ်တွေ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရွာကို သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ လေကြောင်းကနေ (၇) နှစ်ကြိမ်