နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်

1027 Operations

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ

ပလက်ဝ “ ခန်ခတောင်ဗျူဟာစခန်း” နှင့် “မီးဝဗျူဟာကုန်း”ကို ရက္ခိုင့်တပ်တော် ဆက်လက်သိမ်းပိုက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်၊ ခေတ်မျက်လုံး။

ရက္ခိုင့်တပ်တော် ( AA) က ပလက်ဝဒေသက “ ခန်ခတောင်ဗျူဟာစခန်း” နဲ့ ပလက်ဝ-ကျောက်တော် အစပ်မှာရှိတဲ့ “မီးဝဗျူဟာကုန်း” တစ်ခုလုံးအား သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်လို့ ညီနောင်သုံးဖွဲ့ရဲ့ ဇန်နဝါရီလ (၁၃) ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပလက်ဝဒေသအတွင်း စစ်ကောင်စီရဲ့ လက်ကျန်ဗျူဟာစခန်းတစ်ခုဖြစ်တဲ့ “ ခန်ခတောင်ဗျူဟာစခန်း” ကို ရက္ခိုင့်တပ်‌တော် (AA) မှ အပြီးသတ်ထပ်မံသိမ်းပိုက်ရယူနိုင်ခဲ့ပြီး စစ်လက်နက်ပစ္စည်း အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားတို့အား သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့၊ ညနေ (၆) နာရီလောက်မှာ ပလက်ဝ-ကျောက်တော် အစပ်မှာရှိတဲ့ “မီးဝဗျူဟာကုန်း” တစ်ခုလုံးကို ရက္ခိုင့်တပ်တော် (AA) က အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ရယူထားနိုင်ခဲ့ပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ

ပသုံးလုံးက ပြည်သူကို ဓားနဲ့ပိုင်း၊

  • 2025 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 276 Views
တီမောက NUG ကို ကျောခိုင်း၊  AA က ARSA ကို အနိုင်ပိုင်း အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း(၁၃) ဒီတနင်္ဂနွေအပတ်စဥ်နိုင်ငံရေးဖြစ်စဥ်မှာ ထူးခြားတဲ့ သတင်းများနဲ့ပတ်သက်ပြီး ဆွေးနွေးမယ့် ကြောင်းအရာတွေကတော့ ၁။ ယင်းမာပင်ခရိုင် ဆားခါးကျေးရွာက
1027 Operations

“ ဝ” အနေနဲ့ ဘယ်လိုလက်နက်နဲ့ ကိရိယာကိုမှ ပံ့ပိုးတော့မှာမဟုတ်ဘူးဆိုပြီး MNDAA၊ TNLA၊ SSPP တို့နဲ့တွေ့ဆုံချိန် ပြောဆိုခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 21 ရက်
  • 65 Views
ဩဂုတ်လ (၂၁)ရက်။ UWSA အနေနဲ့ MNDAA၊ TNLA နဲ့ SSPP စတဲ့ လက်နက်ကိုင်(၃)ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပွဲတရပ်ကို ပန်ဆန်းမြို့မှာ
1027 Operations

တအာင်းပြည်ထဲ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်တာကြောင့် ပြည်သူ (၂၇)ဦးသေဆုံးပြီး (၈၂)ဦးထိခိုက်ခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 4 ရက်
  • 939 Views
ဩဂုတ်လ (၂)ရက်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲ တအာင်းဒေသရှိ မြို့နယ်တွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့ ကြဲချပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတလတာထဲ
1027 Operations

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ လေကြောင်းဗုံးကြဲခံရ၊ ကလေးငယ်တွေအပါအဝင် ပြည်သူ (၁၀)ဦးကျော်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 2 ရက်
  • 930 Views
ဩဂုတ်လ (၂)ရက်။ ဒီကနေ့ နံနက် (၈)နာရီကျော်အချိန်က မိုးကုတ်မြို့အနောက်ပိုင်း လူနေရပ်ကွက်ကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မိုးကုတ်မြို့အနောက်ပိုင်း ဦးရွှေမောင်းဆိုင်ရှေ့ လမ်းပေါ်ကို လေကြောင်းကနေ ဗုံး(၂)လုံး ကြဲချသွားတာ။
1027 Operations

နောင်ချိုတိုက်ပွဲ ဆက်လက်ပြင်းထန်နေမှာဖြစ်တဲ့အတွက် ပြည်သူတွေ သတိထားနေထိုင်ဖို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 914 Views
ဇူလိုင်လ (၁၆)ရက်။ နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေမှာဖြစ်တဲ့အတွက် ပြည်သူတွေ လုံခြုံရေးသတိထားပြီး နေထိုင်သွားလာကြဖို့ TNLA က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မေလပိုင်းကစပြီး အခုလလယ်ပိုင်းအချိန်အထိ စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ထဲနဲ့ အနီးရှိ ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့
1027 Operations

နောင်ချိုမြို့ကို စစ်တပ်က ထိန်းချုပ်ထားနိုင်ပြီဆိုပြီး စစ်လော်ဘီတွေပြောနေ

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 922 Views
ဇူလိုင်လ (၁၆)ရက်။ နောင်ချိုမြို့ တစ်မြို့လုံးနီးပါးကို စစ်တပ်က ထိန်းချုပ်ထားနိုင်ပြီဆိုပြီး စစ်တပ်‌ထောက်ခံတဲ့ လော်ဘီချန်နယ်တွေက ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး ပြောဆိုနေကြတယ်လို့ သိရပါတယ်။ နောင်ချိုမြို့ တမြို့လုံးနီးပါးအထိကို စစ်တပ်က ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဆိုတာကို စစ်လော်ဘီချန်နယ်တွေက သတင်းဓါတ်ပုံတွေနဲ့အတူ ဖော်ပြထားကြပါတယ်။ “
၁၁၁၃ ရခိုင်စစ်ပွဲ

အလင်းဝင်ဘက်ပြောင်းချင်သူတွေရဲ့ အသက်နဲ့ လုံခြုံရေးကို အာမခံတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 886 Views
ဇူလိုင်လ (၁၅)ရက်။ စစ်ကောင်စီတပ်ဆီမှာ အဓမ္မစုဆောင်းခံရတဲ့ လူငယ်တွေအနေနဲ့ အလင်းဝင်ဘက်ပြောင်းချင်ရင် အသက်နဲ့ လုံခြုံရေးကို အာမခံတယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မြန်မာပြည်အနှံက လူငယ်တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းတာကို ခံရပြီး အမျိုးမျိုး
1027 Operations

မိုးကုတ်မြို့ကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး ကြဲချတိုက်ခိုက်၊ ကလေးငယ် (၂)ဦးအပါအဝင် (၆)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 925 Views
ဇူလိုင်လ (၁၄)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန် မိုးကုတ်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံး (၁)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည