ဇန်နဝါရီလ (၂၀) ရက်။
CDM နိုင်ငံ့၀န်ထမ်းတွေရဲ့ အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့၊ ဒီမိုကရေစီအရေးနဲ့ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်အတွက် အနစ်နာခံ ပေးဆပ်တာတွေက မြန့်မာ့တော်လှန်ရေးသမိုင်းမှာ မှတ်ကျောက်တင်နေပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက CDM ညီလာခံကို ပေးပို့တဲ့ သ၀ဏ်လွှာမှာ ပြောဆိုထားချက်အရ သိရပါတယ်။
တော်လှန်ရေးအလွန် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရာမှာလည်း CDM နိုင်ငံ့၀န်ထမ်းထုကြီးရဲ့ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်တဲ့ ပညာရပ်တွေ၊ အတွေ့အကြုံတွေနဲ့ အင်အားဟာ အရေးကြီးတဲ့ ထောက်တိုင်အနေနဲ့ ဆက်လက်တည်ရှိနေမယ်လို့ ဆိုပါတယ်။
ဒီကနေ့ကာလဟာ တော်လှန်ရေးအလှည့်အပြောင်းကို စတင်မြင်တွေ့လာရချိန်ဖြစ်ကာ CDM ၀န်ထမ်းတွေအပါအ၀င် တော်လှန်ရေးမှာ ပါ၀င်နေသူအားလုံးရဲ့ ဆောင်ရွက်ချက်တွေဟာ တော်လှန်ရေးအောင်မြင်မှုအတွက် ရှေးရှုရမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီကနေ့နေ့ ရောက်ရှိနေတဲ့ တော်လှန်ရေးနဲ့ တော်လှန်ရေးအလွန် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို မျှော်ရည်ပြီး သက်ဆိုင်သူအားလုံး စုစည်းဆွေးနွေးနိုင်ဖို့ဆိုတဲ့ ညီလာခံရဲ့ ရည်ရွယ်ချက်ကို ဝမ်းမြောက်စွာ ကြိုဆိုတယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် အခုကျင်းပတဲ့ ညီလာခံကနေ CDM နိုင်ငံ့ဝန်ထမ်းတွေအတွက် ကောင်းမွန်တဲ့ရလဒ်တွေ ထွက်ပေါ်ပြီး အားလုံး စုစည်းညီညွတ်စွာ တော်လှန်ရေးခရီး အောင်မြင်တဲ့အထိ ရှေ့ဆက်နိုင်ဖို့ NUG ယာယီသမ္မတက ဆုမွန်ကောင်းတောင်းပေးထားတယ်လို့ သိရပါတယ်။