ဇူလိုင်လ (၁၁)ရက်။
မနေ့က နံနက်(၉)နာရီ (၄၀)မိနစ်အချိန်မှာ ပေါက်ခေါင်းမြို့၊ ကြိုပင်ဝိုင်းအုပ်စု၊ ရွှေကူရွာနေ အုပ်ချုပ်ရေးမှူး ၀င်းနိုင်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ PPDF-၃၆၀၁ တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရွှေကူရွာနေ အုပ်ချုပ်ရေးမှူး ၀င်းနိုင်ကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် PPDF-၃၆၀၁တပ်ရင်းရဲ့ တပ်ခွဲ(၁)နဲ့ (၄)က ရွှေကူရွာအနီးမှာ ပစ်ခတ်ရှင်းလင်းခဲ့ကာ ဦးခေါင်းထိမှန်ပြီး နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်ရှင်းလင်းခံရတဲ့ အုပ်ချုပ်ရေးမှူး ၀င်းနိုင်ဟာ အုပ်ချုပ်ရေးမှူး ပွားသီး ရှင်းလင်းခံရပြီးနောက် အုပ်ချုပ်ရေးမှူး၀င်လုပ်ကာ စစ်မှုထမ်းကိစ္စနဲ့ PDF ထောက်ပို့တွေကို စုံစမ်းကာ စစ်ကောင်စီထံ တိုင်ကြား သတင်းပေးနေသူလို့ ဆိုပါတယ်။
သူဟာ “ ဘယ်သူမှ အုပ်ချုပ်ရေးမှူး မလုပ်ရဲရင် ငါလုပ်မယ်” ဆိုပြီး ကြွေးကြော်ကာ အကြမ်းဖက်စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးနေရာကို တာ၀န်ယူလုပ်ကိုင်ပေးနေသူဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးတွေကို ပစ်မှတ်ထားကာ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်နေတာလို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ကျန်ရှိနေသေးတဲ့ အုပ်ချုပ်ရေးမှူးတွေအနေနဲ့လဲ အလှည့်မရောက်လာခင် ပြည်သူနဲ့အတူ ပူးပေါင်းကာ အချိန်မီနုတ်ထွက်ကြဖို့ အသိပေးထားတယ်လို့ သိရပါတယ်။