ဇူလိုင်လ (၁၆)ရက်။
မနေ့က ရန်ကုန်တိုင်းထဲ ၀မ်းရောဂါကြောင့် ဆေးရုံတက်ရတဲ့ လူနာသစ် (၉၆)ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
၀မ်းပျက်၀မ်းလျှောရောဂါဖြစ်ပွားတဲ့ (၁၀)ရက်တာကာလမှာ လူနာတွေ့ရှိတဲ့လူနာ စုစုပေါင်း (၇၇၉)ရှိပြီဖြစ်ကာ မနေ့က ပြင်းထန်၀မ်းရောဂါလူနာ (၁၄)ဦး ထပ်တွေ့ရှိတာကြောင့် စုစုပေါင်း (၉၀)ကျော်ရှိပြီဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းရှိ ဒေါပုံမြို့နယ်ကစတင်ဖြစ်ပွားခဲ့တဲ့ ၀မ်းရောဂါကူးစက်ဖြစ်ပွားတာကြောင့် ကနဦးသေဆုံးသူ (၅)ဦးရှိခဲ့ပြီး ဇူလိုင်လ (၁၃)ရက်မှာ အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ မြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းတွေက ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ရောဂါဖြစ်ပွားခဲ့တဲ့ ဇူလိုင်လ (၆)ရက်နေ့ကစပြီး ဇူလိုင်လ (၁၅)ရက်နေ့အထိ သေဆုံးသူဦးရေဟာ (၆)ဦးအထိရှိပြီဖြစ်တယ်လို့ သိရပေမယ့် စစ်ကောင်စီဘက်ကတော့ သေဆုံးစာရင်းကို ထုတ်ပြန်ထားတာမရှိပါဘူး။
ရန်ကုန်တိုင်းထဲ ၀မ်းရောဂါဖြစ်ပွားသူတွေထဲက ဆေးရုံတက်ကုသခဲ့ရသူတွေထဲက (၆၁၃)ဦးကို ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့ပြီး ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။
ရန်ကုန်တိုင်းထဲ ၀မ်းရောဂါဖြစ်ပွားနေတဲ့ မြို့နယ်တွေမှာ လမ်းဘေးရှိ အစားအသောက်ဆိုင်တွေကို ပိတ်ထားဖို့ ညွှန်ကြားထားပြီး သန်လျင်နဲ့ တာမွေမြို့တို့မှာ ရောဂါကြိုတင်ကာကွယ်ဖို့ လိုက်လံအသိပေးတာတွေရှိနေတယ်လို့ သိရပါတယ်။