နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်

မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး

ရေဦးမြို့မှာ ရပ်ကျေးပကဖထောင်ထားတဲ့မိုင်း ချို့ယွင်းပေါက်ကွဲကာ ခရီးသည်တင်ကားတစ်စီး ထိမှန်ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့

စက်တင်ဘာလ (၁၈)ရက်။

မနေ့က နေ့လယ်ပိုင်းအချိန် ရေဦးနယ်တောင်ဘက်ခြမ်းမှာ ခရီးသည်တင်ကားတစ်စီး မိုင်းစထိမှန်ခဲ့ကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ People’s Defense Comrade(PDC)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ရေဦးမြို့ပေါ်က အကြမ်းဖက်စစ်ခွေးအုပ်စုရန်ကို ကာကွယ်ဖို့ ရပ်ကျေးပကဖရဲဘော်တွေ ထောင်ထားတဲ့ မိုင်းတလုံးက error ဖြစ်ပြီး ထပေါက်ကွဲခဲ့တာပါ” လို့ PDC က ဆိုပါတယ်။

အဲ့ဒီမိုင်းဟာ ရေဦးမြို့ပေါ်က အကြမ်းဖက်စစ်အုပ်စုရန်ကို ကာကွယ်ဖို့ရည်ရွယ်ပြီး ရေဦးနယ်တောင်ဘက်ခြမ်းရှိ မူးသာကုန်းရွာနဲ့ ဆည်ကြီးရွာကြားမှာ ရပ်ကျေးပကဖရဲဘော်တွေက ထောင်ထားတာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီလို ရပ်ကျေးပကဖရဲဘော်တွေ ထောင်ထားတဲ့မိုင်းဟာ ချို့ယွင်းပြီး ပေါက်ကွဲခဲ့တာကြောင့် မန္တလေးဘက်ကနေ ရေဦးဘက်ကို ပြန်လာတဲ့ အောင်ရတနာကားအသင်းက ခရီးသည်တင် အံစာတုံးကားကို မိုင်းစထိမှန်ခဲ့တာလို့ ရေးသားထားပါတယ်။

မိုင်းစထိမှန်ခဲ့တာကြောင့် ကားခေါင်းခန်းကနေ လိုက်ပါလာတဲ့ ခရီးသည်အမျိုးသမီးတစ်ဦး ညာဘက်နားထင် မိုင်းစထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့တာကို စိတ်မကောင်းစွာ ကြားသိရတဲ့အတွက် မိသားစုနဲ့ထပ်တူ ၀မ်းနည်းကြေကွဲရတယ်လို့ ပြောဆိုထားပါတယ်။

မိုင်းစထိမှန်သေဆုံးခဲ့တဲ့ ခရီးသည်အမျိုးသမီးဟာ ရေဦးနယ်အနောက်ဘက်ခြမ်း ၀က်သဲရွာကလို့ ကနဦးအနေနဲ့ မှားယွင်းဖော်ပြခဲ့မိတဲ့အတွက်လဲ ပြန်လည်တောင်းပန်ထားပြီး တန့်ဆည်နယ်ထဲကဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ရေဦး-မန္တလေးကို သွားလာနေကြတဲ့ ခရီးသည်တင်ကားတွေအနေနဲ့ သတိထားသွားလာပြီး ဂရုစိုက်မောင်းနှင်ကြဖို့ မေတ္တာရပ်ခံထားသလို ပြည်သူတွေ အန္တရာယ်ကင်းဘေးရှင်းစွာ သွားလာနိုင်ဖို့ ဆုတောင်းမေတ္တာပို့သထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာ့နိုင်ငံရေး

ကိုးကန့်တပ်(MNDAA) တပ်သား (၂)ဦးကို သေနတ်နဲ့ပစ်သတ်တယ်ဆိုတာ သတင်းအမှားလို့ UWSA ငြင်းဆို

  • 2024 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 27 Views
စက်တသ်ဘာလ (၁၀)ရက်။ ကိုးကန့်တပ်(MNDAA)ရဲ့ တပ်သား (၂)ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်ဆိုပြီး သတင်းဌာနအချို့က ရေးသားခဲ့တာဟာ သတင်းအမှားလို့ UWSA ပြင်ပဆက်ဆံရေးတာ၀န်ခံ ဦးညီရန်းရဲ့
မြန်မာ့နိုင်ငံရေး

တစ်ရက်ထဲ စစ်ကောင်စီရဲ့ လေကြောင်းကြောင့် အရပ်သား (၂၇)ဦးအထိသေဆုံးခဲ့ရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 25 Views
စက်တင်ဘာလ (၇)ရက်။ မနေ့က တစ်ရက်ထဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၂၇)ဦးသေဆုံးခဲ့ပြီး (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG ရဲ့
1111 စစ်ဆင်ရေး (ကယား) မြန်မာ့နိုင်ငံရေး

ကရင်နီ နန်းမယ်ခုံဒေသကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 29 Views
စက်တင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်မှာ ကရင်နီပြည်နယ်၊ နန်းမယ်ခုံဒေသကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး (၃)လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ နံနက် (၉)နာရီကျော်လောက်စပြီး နန်းမယ်ခုံအနီး၀န်းကျင်ကို ဗုံး
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

မုံရွာတိုးဂိတ်အနီးက စစ်ကောင်စီတပ် မိုင်းခွဲခံရပြီး (၆)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ ဩဂုတ်လ 8 ရက်
  • 53 Views
ဩဂုတ်လ (၈)ရက်။ မနေ့က နံနက် (၇)နာရီခန့်မှာ မုံရွာတိုးဂိတ်အနီးက စစ်ကောင်စီတပ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ PDF-South Monywa ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြပုလဲစစ်ဆေးရေးဂိတ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ မုံရွာတိုးဂိတ်အနီး လမ်းသွားလမ်းလာပြည်သူတွေကို နေ့တိုင်း
မြန်မာ့နိုင်ငံရေး

နယ်‌စပ်ဒေသတွေထဲ ကျားဖြန့်တွေဟာ ပုန်းလျှိုးကွယ်လျှိုးလုပ်တာတို့ကြောင့် မသိခဲ့တာလို့ စစ်ကောင်စီပြော

  • 2024 ခုနှစ်၊ ဇူလိုင်လ 10 ရက်
  • 44 Views
ဇူလိုင်လ (၁၀)ရက်။ နယ်စပ်ဒေသတွေထဲ အွန်လိုင်းလိမ်လည်တာတွေဟာ ပုန်းလျှိုးကွယ်လျှိုးလုပ်တာကြောင့် မသိခဲ့တာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ လောင်ကိုင်ဒေသအပါအ၀င် နယ်စပ်ဒေသတွေမှာဖြစ်ခဲ့တဲ့ ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည်တာတွေဟာ ဟိုတယ်တွေ၊ လျှို့ဝှက်နေရာတွေမှာ ပုန်းလျှိုးကွယ်လျှိုး ဆောင်ရွက်ကြတာမို့လို့
မြန်မာ့နိုင်ငံရေး

ရန်ကုန်မှာ ညပိုင်းမီးပျက်တဲ့အချိန် စစ်ကောင်စီက မြို့နယ်အချို့ထဲ ဧည့်စာရင်းစစ်ရှာဖွေတာတွေပြုလုပ်ခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 27 ရက်
  • 73 Views
ဇွန်လ (၂၇)ရက်။ မနေ့က ည (၇)နာရီခွဲအချိန်မှာ ရန်ကုန်တိုင်းထဲ မီးပြတ်တောက်တဲ့အချိန် စစ်ကောင်စီဘက်က မြို့နယ်အချို့မှာ ဧည့်စာရင်းစစ်ပြီး ရှာဖွေတာတွေပြုလုပ်ခဲ့တယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ ညက ရန်ကုန်တိုင်းတခုလုံး မီးပြတ်သွားတာ၊ ဘာလို့ပြတ်လဲဆိုတာတော့မသိဘူး၊ အဲ့ဒီမီးပြတ်တဲ့အချိန်
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

စစ်ရိက္ခာတွေသယ်လာတဲ့ စစ်ကောင်စီတွဲကားတန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၄)ဦးသေဆုံးပြီး တွဲကား(၃)စီးပျက်စီးခဲ့

  • 2024 ခုနှစ်၊ ဇွန်လ 21 ရက်
  • 61 Views
ဇွန်လ (၂၁)ရက်။ မနေ့က နံနက်(၁၀)နာရီအချိန်မှာ မန္တလေးမြို့ကနေ မုံရွာမြို့ဘက်ကို စစ်အသုံးအဆောင်ရိက္ခာတွေ သယ်ဆောင်လာတဲ့ စစ်ကောင်စီတွဲကားတန်းကို တိုက်ခိုက်ခဲ့တယ်လို့ Aera 71 Monywa PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အသုံးအဆောင်ရိက္ခာတွေသယ်လာတဲ့ စစ်ကောင်စီတွဲကားတန်းကို
မြန်မာ့နိုင်ငံရေး

မြန်မာ့နိုင်ငံရေး ဆွေးနွေးခန်း

  • 2024 ခုနှစ်၊ ဇွန်လ 18 ရက်
  • 65 Views
မြန်မာ့နိုင်ငံရေး ဆွေးနွေးခန်း ဒီအပတ် ခေတ်မျက်လုံးရဲ့ဆွေးနွေးခန်းကို ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်၊ ဘာသာပေါင်းစုံ ကွန်ရက်မှ ဦးထွန်းကြည်နဲ့ မြန်မာ့အရေးလှုပ်ရှားသူ ဦးမျိုးထိုက်တန်သိန်းတို့က စစ်ကောင်စီဥက္ကဋ္ဌမင်းအောင်လှိုင်ပြောကြားခဲ့တဲ့ မိန့်ခွန်းရဲ့ရှေ့နောက်မညီ ပြောကြားချက်တွေကို ရှင်းလင်းစွာထောက်ပြပြီး ဆွေးနွေးထားကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ဘာကြောင့်