နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 11 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောမှာ ခရီးသည်တင်ကားတစ်စီးကို ARSA အဖွဲ့က ခြုံခိုပစ်ခတ်၊ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့

ဒီဇင်ဘာလ (၂၇)ရက်။

ဒီဇင်ဘာလ (၂၄)ရက် ညနေ (၄)နာရီ (၄၀)မိနစ်အချိန်က မောင်တောမြို့မှာ အရပ်ဘက်ခရီးသည်တင်ကားတစ်စီးကို ARSA အဖွဲ့က ခြုံခိုပစ်ခတ်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ မောင်တောမှာ ကြိမ်ချောင်းကနေ တောင်ပြိုကို ဈေးဝယ်သွားတဲ့ အရပ်ဘက် ခရီးသည်ကားကို ARSA တပ်ဖွဲ့ဝင်တွေက ခြုံခိုပစ်ခတ်ခဲ့တာပါ။ အဲ့ဒီကားပေါ်ပါတဲ့ အမျိုးသမီးတွေထဲက တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်” လို့ ဆိုပါတယ်။

အင်အား (၂၅)ဦးခန့်ပါ ARSA တပ်ဖွဲ့ဝင်တွေက ကြိမ်ချောင်းကနေ တောင်ပြိုကို ဈေးဝယ်သွားတဲ့ အရပ်ဘက်ခရီးသည်ကားကို ခြုံခိုပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ARSA အဖွဲ့ရဲ့ ခြုံခိုပစ်ခတ်တာကြောင့် ခရီးသည်တင်ကားပေါ်ပါလာတဲ့ စေတနာ့ဝန်ထမ်းအမျိုးသမီးနဲ့ ဈေးဝယ်အမျိုးသမီး (၁၆)ဦးထဲက တစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ ဒဏ်ရာရသူတွေကို AA က ကျန်းမာရေးစောင့်ရှောက်ပေးထားပြီး ပြည်သူကို အကြမ်းဖက်တိုက်ခိုက်တဲ့ ARSA အဖွဲ့ကို လိုက်လံရှာဖွေနေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိတ်-ထားဝယ်ခရိုင်ထဲက စစ်ကောင်စီရဲ့ ပွိုင့်(၂၅၆၆) ရှေ့တန်းစခန်းကို သိမ်းပိုက်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 10 ရက်
  • 4 Views
ဇွန်လ (၁၀)ရက်။ ဒီကနေ့ မြိတ်-ထားဝယ်ခရိုင်ထဲရှိ စစ်ကောင်စီရဲ့ အမိုနယ်စပ် (သို့မဟုတ်) ပွိုင့်(၂၅၆၆) ရှေ့တန်းစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးစခန်းက ထွက်ပြေးလာတဲ့ တပ်သား (၃)ကို ဖမ်းမိခဲ့တယ်လို့ CDF-ASHO ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 10 ရက်
  • 4 Views
ဇွန်လ (၁၀)ရက်။ ဇွန်လ (၄)ရက်နေ့က စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းက ထွက်ပြေးလာတဲ့ တပ်သား (၃)ဦးကို ဖမ်းမိခဲ့တယ်လို့ CDF-Asho
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်(၈၀)ပြည့် မွေးနေ့မှာ ပူးပေါင်းပါဝင်ကြဖို့ NLD တိုက်တွန်း

  • 2025 ခုနှစ်၊ ဇွန်လ 10 ရက်
  • 3 Views
ဇွန်လ (၁၀)ရက်။ လာမယ့် ဇွန်လ (၁၉)ရက်နေ့မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်(၈၀)ပြည့် မွေးနေ့မှာ လုပ်ငန်းစဉ် (၂)ရပ်ကို ပါဝင်ကြဖို့ NLD ပါတီက ဒီကနေ့မှာ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဏာရှင်အဆက်ဆက်ရဲ့
မြန်မာသတင်း

ပုလဲမှာ လေကြောင်းစစ်ကူလာတဲ့ စစ်ကောင်စီ ဂျက်ဖိုက်တာတစီးကို PLA ပစ်ချခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 10 ရက်
  • 3 Views
ဇွန်လ (၁၀)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီ (၁၅)မိနစ်အချိန်က ပုလဲမြို့မှာ လေကြောင်းစစ်ကူလာတဲ့ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစီးကို ပစ်ချနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ပုလဲမြို့ ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲကို စကစက ဂျက်ဖိုက်တာနဲ့ လေကြောင်းပစ်ကူပေးဖို့
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစင်းကို PLA က ပစ်ချလို့ ပျက်ကြသွားတယ်လို့ PLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 10 ရက်
  • 21 Views
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်။ ဒီနေ့ ဇွန်လ ၁၀ ရက် နေ့လယ် ၁၂:၁၅ မိနစ်အချိန်မှာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က
မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တာတွေကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 10 ရက်
  • 19 Views
ဇွန်လ (၁၀)ရက်။ မနေ့က နံနက် (၈)နာရီ (၅၀)မိနစ်အချိန် နောင်ချိုမြို့ ပိန္နဲကုန်းနဲ့ ကုန်းကြီးကျေးရွာကြားမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်က လက်နက်ကြီး (၂၇)လုံး
မြန်မာသတင်း

အခုနှစ်ကုန် မြို့နယ် (၂၆၀)ကျော်မှာ ရွေးကောက်ပွဲကို အပိုင်းခွဲပြီး ကျင်းပဖို့ စစ်ကောင်စီစီစဉ်နေ

  • 2025 ခုနှစ်၊ ဇွန်လ 9 ရက်
  • 35 Views
ဇွန်လ (၉)ရက်။ အခုနှစ် ဒီဇင်ဘာလမှာ နိုင်ငံတဝန်းရှိ မြို့နယ် (၃၃၀)ရှိတဲ့အထဲ (၂၆၇)မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပဖို့ စစ်ကောင်စီက စီစဉ်နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ကြေညာတဲ့အချိန်မှာ နယ်မြေဒေသ လုံခြုံရေးအခြေအနေတွေကြောင့် ကျင်းပနိုင်မယ့်
မြန်မာသတင်း

တအာင်းပြည်ကောင်စီ(TLC) ဖွဲ့စည်းကြောင်း TPCC ထုတ်ပြန်ကြေညာ

  • 2025 ခုနှစ်၊ ဇွန်လ 9 ရက်
  • 31 Views
ဇွန်လ (၉)ရက်။ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)ရဲ့ (၃)ရက်တာ နိုင်ငံရေးထိပ်သီးအစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် တအာင်းပြည်ကောင်စီ(TLC)ကို ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၁)ရက်နေ့ကနေ (၃)ရက်နေ့အထိ TPCC ရဲ့ နိုင်ငံရေးထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့ပြီး တအာင်းအမျိုးသားပါတီ(TNP)၊ PSLF/TNLA