နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထီးလင်းမြို့ပေါ်ရှိ စစ်အုပ်စုတပ်စွဲထားတဲ့ နေရာတွေ လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရ

ဇန်နဝါရီလ (၇)ရက်။

မနေ့က နံနက်အစောပိုင်းအချိန်ကစပြီး ထီးလင်းမြို့ပေါ်ရှိ စစ်‌အုပ်စု အထိုင်ချတပ်စွဲထားတဲ့ နေရာတွေကို ဒရုန်းတွေအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ရင်းတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ မဟာမိတ်တော်လှန်ရေးအင်အားစုတွေက စစ်အုပ်စု အထိုင်ချတပ်စွဲတဲ့ မြို့ပေါ်နေရာတွေဆီကို မနက်ပိုင်းကစပြီး နေ့လယ်ပိုင်းအထိ ဒရုန်းတွေ လက်နက်ကြီးတွေ ရော့ကတ်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ” လို့ ဆိုပါတယ်။

မြို့ပေါ်ရှိ စစ်အုပ်စုတပ်စွဲထားတဲ့ နေရာတွေကို ‌နံနက်ပိုင်းအချိန်ကစပြီး နေ့လယ်ပိုင်းအထိ ရော့ကတ် (၅၉)လုံးအပါအဝင် ဒရုန်းနဲ့ ၆၀မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အခုလို ပစ်ခတ်ခံရတာကြောင့် ထီးလင်းမြို့ပေါ်ရှ်ိ စစ်ကောင်စီရဲ့ တောင်ရဲစခန်း၊ လူပျိုဆောင်၊ စိုက်ပျိုးရေးရုံး၊ ‌ထွေ/အုပ်ရုံး၊ ဘဏ်ရုံးနဲ့ ရုပ်သံရုံးနေရာတို့ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ရေးသားထားပါတယ်။

ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အထဲ စစ်ကောင်စီဘက်က ထိခိုက်တဲ့အခြေအနေကို စုံစမ်းနေဆဲဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က အထိအခိုက်မရှိခဲ့ဘူးလို့ ပြောဆိုထားပါတယ်။

အဲ့ဒီတိုက်ခိုက်တာကို မကွေးတိုင်း၊ ဂန့်ဂေါခရိုင်နဲ့ ထီးလင်းမြို့နယ် ခရိုင်တပ်ရင်းတွေနဲ့ ပကဖ မဟာမိတ် တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ကြတာလို့ ထုတ်ပြန်ထားပါတယ်။

ထီးလင်းမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေ မြို့ကနေ တစ်လအတွင်း ထွက်ခွာဖို့ ဒီဇင်ဘယလ (၅)ရက်နေ့မှာ သတိပေးခဲ့ပြီးနောက် မြို့ပေါ်ရှိ စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရတာပါ။

ဒါ့အပြင် အခုအခါ ထီးလင်းမြို့ပေါ်ရှိ ဒေသခံပြည်သူ အများအပြားဟာ မြို့ကို စွန့်ခွာသွားပြီဖြစ်ပေမယ့် စစ်ကောင်စီဝန်ထမ်းတွေ အများစုပါဝင်တဲ့ လူဦးရေ (၆၀၀)ခန့်သာ ကျန်တော့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရခိုင်ရှိ မြို့နယ်တွေကို စစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ပြည်သူ (၁၂)ဦးသေဆုံးပြီး (၃၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 44 Views
အောက်တိုဘာလ (၃၁)ရက်။ ရခိုင်ရှိ စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ၊ ပေါက်တောနဲ့ ဇင်ချောင်းတိုက်နယ်ရှိ ကုန်ဘွေရွာကို စစ်တပ်က လေကြောင်း၊
မြန်မာသတင်း

မိုးကုတ်မြို့ကို ခွေးတိုးပေါက်ကဝင်လာတဲ့ စစ်ကော်မရှင်ကို ‌တိုက်ထုတ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 37 Views
အောက်တိုဘာလ (၃၁)ရက်။ မိုးကုတ်မြို့ကို ဆက်လက်ကာကွယ်ဖို့ အကြောင်းအမျိုးမျိုးကြောင့် တော်လှန်ရေးတာဝန်ကနေ အနားယူထားတဲ့ တော်လှန်ရေးရဲဘော်တွေကို မြို့နယ်ပကဖက မနေ့က ပြန်လည်ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။
မြန်မာသတင်း

အနုပညာရှင်တွေရဲ့ ပြည်ပထွက်ခွာခွင့် စစ်တပ် ကန့်သတ်ပိတ်ပင်ထား

  • 2025 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 32 Views
အောက်တိုဘာလ (၃၁)ရက်။ ပြည်တွင်းရှိ အနုပညာရှင်တွေရဲ့ ပြည်ပထွက်ခွာခွင့်ကို စစ်တပ်က ကန့်သတ်ပိတ်ပင်ထားတယ်လို့ စစ်တပ်ထောက်ခံတဲ့ ယုန်လေးက မနေ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ “ အနုပညာရှင်တွေ နိုင်ငံရပ်ခြားထွက်ရင် ကြိုအကြောင်းကြားပြီးမှ သွားလို့ရပါတော့မယ်။ ဒီနေ့တဖွဲ့ လှည့်ပြန်လာခဲ့ရပါတယ်။
မြန်မာသတင်း

ဆောမြို့ပေါ်မှာ (၁၃)နှစ်အရွယ်မိန်းကလေးကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့သူကို NUG ရဲချုပ် ဦးဆောင်စစ်ဆေး‌နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 35 Views
အောက်တိုဘာလ (၃၁)ရက်။ ဆောမြို့ပေါ်မှာ အသက်(၁၃)နှစ်အရွယ် မိန်းကလေးကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ မင်းမင်းစိုးဆိုသူကို NUG ရဲချုပ် ဦးဆောင်ကာ စစ်ဆေးနေတယ်လို့ ဆောမြို့နယ်ပအဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ အောက်တိုဘာလ (၂၁)ရက်နေ့က ဆောမြို့ သီရိ(ရတနာ)ရပ်ကွက်နေ (၁၃)နှစ်အရွယ်
မြန်မာသတင်း

မိုးကုတ်မြို့ကို စစ်တပ်လက်ထဲ ပြန်မရောက်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ တော်လှန်ရေးတပ်တွေ ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 46 Views
အောက်တိုဘာလ (၃၀)ရက်။ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်တပ်လက်ထဲ ပြန်မရောက်အောင် တိုက်ပွဲဝင်သွားမယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ TNLA အနေနဲ့ စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲပြီး မိုးကုတ်မြို့ကနေ တပ်တွေ ပြန်ဆုတ်မယ်လို့ ထုတ်ပြန်လာခဲ့ပြီးနောက် မိုးကုတ်နဲ့
မြန်မာသတင်း

လောင်းလုံမြို့နယ် မောင်းမကန်ရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 40 Views
အောက်တိုဘာလ (၃၀)ရက်။ လောင်းလုံမြို့ရှိ စစ်တပ်လက်အောက်ခံ မောင်းမကန်နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ အထူးတိုင်းစစ်ဌာန-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစခန်းသိမ်းတိုက်ပွဲထဲ စစ်တပ်ဘက်က (၁၂)ဦးသေ‌ဆုံးပြီး (၁၀)ဦး ဒဏ်ရာရရှိခဲ့သလို ကျန်တဲ့ စစ်တပ်အင်အားတွေဟာ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့
မြန်မာသတင်း

ပေါင်းတည်မြို့ ဝဲကြီးဆည်ရှိ စစ်ကော်မရှင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 34 Views
အောက်တိုဘာလ (၃၀)ရက်။ အောက်တိုဘာလ (၂၈)ရက်နေ့ နံနက် (၇)နာရီ (၁၅)မိနစ်အချိန်က ပေါင်းတည်မြို့ ဝဲကြီးဆည်ရှိ စစ်ကော်မရှင်ရဲ့ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ PPDF-၃၆၀၁တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပေါင်းတည်မြို့ ဝဲကြီးဆည်က စကမစစ်ဆေးရေးဂိတ်ကို
မြန်မာသတင်း

အာဆီယံအထူးသံတမန်ကို အကျဉ်းကျသူတွေနဲ့ တွေ့ခွင့်မပေးနိုင်ဘူးဆိုပြီး စစ်ကော်မရှင်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 51 Views
အောက်တိုဘာလ (၃၀)ရက်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ရဲ့ ခရီးစဉ်တွေမှာ အကျဉ်းကျသူတွေနဲ့တော့ တွေ့ဆုံခွင့်မပေးနိုင်ဘူးဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ထုတ်ပြန်ပြောဆိုထားတယ်လို့ သိရပါတယ်။ “ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်လာတိုင်း ဖြစ်နိုင်တဲ့ လိုက်လျောနိုင်တဲ့သူတွေနဲ့ တွေ့ဆုံနိုင်ဖို့ ဆောင်ရွက်ပေးခဲ့ပါတယ်။ ရာဇဝတ်မှုနဲ့