နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပအိုဝ်းဒေသကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့က အဆိပ်ပါတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

ဇန်နဝါရီလ (၂၅)ရက်။

ဆီဆိုင်မြို့အရှေ့ဘက်ခြမ်းရှိ ပအိုဝ်း‌ကျေးရွာတွေကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တွေက အဆိပ်ပါတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ အခုလို ဆီဆိုင်မြို့အရှေ့ဘက်ခြမ်းက ပအိုဝ်းရွာတွေကို လက်နက်ကြီးတွေနဲ့ နေ့တိုင်း ပစ်ခတ်ဖျက်ဆီးနေတာမှာ သာမန်လက်နက်ကြီးတွေသာမကဘဲ အဆိပ်ပါတဲ့ လက်နက်ကြီးကျည်တွေနဲ့ပါ ကျေးရွာတွေထဲ ပစ်ခတ်ဖျက်ဆီးနေတာ” လို့ ဆိုပါတယ်။

မနေ့က စစ်ကောင်စီပစ်ခတ်လာတဲ့ လက်နက်ကြီးကျည် (၁)လုံးကို PNLA အနေနဲ့ တူးဖော်ရရှိခဲ့ပြီး အဲ့ဒီမပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်မှာ အဆိပ်ကျည်ဖြစ်နေတာကို တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီကျည်ပေါ်မှာ အဆိပ်ဆိုပြီး ရေးသားထားတာကို တွေ့ရှိရပြီး အဆိပ်ထွက်ပေါက်တွေလဲ ပါဝင်ကာ အရင်က အဲ့ဒီကျည်အမျိုးအစားတွေကို စစ်ကောင်စီ အသုံးပြုတာ မတွေ့ရှိဖူးဘဲ အခုမှသာ ပထမဆုံးအကြိမ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီဟာ ကျင့်ဝတ်မဲ့စွာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေပြီး အဆိပ်ကျည်သင့်တာကြောင့် ရဲဘော်အချို့ အရေးပြားယာယံတာ၊ အပြင်းအထန်ဖျားနာတာနဲ့ မူးဝေအော့အန်တာ စတာတွေ ခံစားခဲ့ရတယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တွေဟာ အင်အား (၇၀၀)ကျော်နဲ့ ထိုးစစ်ဆင်နေတာကြောင့် ဆီဆိုင်မြို့မှာ နေ့တိုင်း တိုက်ပွဲပြင်းထန်နေကာ (၂၀၀)ထက်မနည်းကို PNLA က ချေမှုန်းနိုင်ခဲ့ပေမယ့် စစ်ကောင်စီဟာ ပေါ်တာဆွဲပြီး လူသားဒိုင်းပြုလုပ်ကာ အင်အားဖြည့် ဆက်လက်တိုက်ခိုက်နေတယ်လို့ ‌ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေရဲ့ တိုက်ခိုက်တာတွေကြောင့် ပအိုဝ်းကျေးရွာက ပြည်သူ (၄၀၀၀)ကျော် တောတောင်ထဲ ထွက်ပြေးနေရပြီး ဆီဆိုင်မြို့နယ် ထီစုံရွာက နေအိမ်(၆၀)ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေကြည်မြို့မှာ အရက်သေစာသောက်စားပြီး ချောင်းထဲရေဆင်းကူးတဲ့ စစ်ကောင်စီရဲ(၃)ဦး ရေနစ်သေဆုံး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 2 Views
ဇန်နဝါရီလ (၂၇)ရက်။ ဇန်နဝါရီလ (၂၅)ရက်နေ့က ပုသိမ်ခရိုင် ရေကြည်မြို့ သီတာကုန်းပြင်ရှိ ချောင်းထဲ အရက်သေစာသောက်ပြီး ရေဆင်းကူးတဲ့ စစ်ကောင်စီရဲ(၃)ဦး ရေနစ်သေဆုံးခဲ့တယ်လို့
1027 Operations မြန်မာသတင်း

ရှမ်းမြောက်မှာ KIA နဲ့ TNLA တို့ နယ်မြေအငြင်းပွားနေကာ စစ်ရေးတင်းမာနေ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 5 Views
ဇန်နဝါရီလ (၂၇)ရက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)က ဒေသတွေမှာ KIA နဲ့ TNLA တို့အကြား နယ်မြေအငြင်းပွားတာတွေနဲ့ပတ်သက်ပြီး စစ်ရေးတင်းမာနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းတွေအရ သိရပါတယ်။
မြန်မာသတင်း

လေကြောင်းရန်ကာကွယ်တဲ့နည်းလမ်းတွေ လိုက်နာဖို့ TNLA အသိပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 6 Views
ဇန်နဝါရီလ (၂၇)ရက်။ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာကြဖို့ TNLA က မနေ့က အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေတာလို့ ဆိုပါတယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့
မြန်မာသတင်း

စစ်ကောင်စီလက်ထက် သတင်းသမား (၄၃)ဦး ဖမ်းဆီးခံထားရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 7 Views
ဇန်နဝါရီလ (၂၇)ရက်။ စစ်တပ်အာဏာသိမ်းဖို့ကြိုးပမ်းတဲ့ (၄)နှစ်တာကာလထဲ သတင်းမီဒီယာသမား (၄၃)ဦး အကျဉ်းကျခံနေရတယ်လို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ((IPCM)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ သတင်းသမားဦးရေ (၂၀၀)ကျော် ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်တွေထဲ သတင်းသမား အနည်းဆုံး (၃၀)ကျော်ကနေ အများဆုံး
မြန်မာသတင်း

မှော်ဘီမြို့ရှိ စစ်ကောင်စီဂိတ် မိုင်းဆွဲခံရ၊ စစ်ကောင်စီတပ်သား (၄)ဦးထက်မနည်းဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်
  • 7 Views
ဇန်နဝါရီလ (၂၇)ရက်။ မနေ့က ည(၇)နာရီ (၄၅)မိနစ်အချိန်က ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီရဲ့ လေးလမ်းဂိတ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Civilian Military SRDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရန်ကုန် မှော်ဘီမြို့နယ်မှာရှိတဲ့
မြန်မာသတင်း

ခေတ်မျက်လုံးပရိဿတ်များ –

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 6 Views
ဒီအပတ် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၂၆ရက် ၊ တနင်္ဂနွေနေ့ မှာ ခေတ်မျက်လုံးရဲ့ ပင်တိုင် ဟောပြောသူတွေဖြစ်တဲ့ ဦးထွန်းအောင်ကျော် နဲ့ ဦးထွန်းကြည်တို့နှစ်ဦးက “လွင်ကိုလတ်ရဲ့ ပသုံးလုံးနဲ့ မင်းအောင်လှိုင်ရဲ့ ပြည်ပအားကိုးပုဆိန်ရိုးဝါဒ” ဆိုတဲ့ခေါင်းစဥ်နဲ့ ဒီည မြန်မာစံတော်
မြန်မာသတင်း

မြင်းခြံမြို့ ဆင်းဂွတ်ရွာစာသင်ကျောင်းအနီး ဗုံးကြဲခံရပြီး ကလေးငယ်တွေအပါအဝင် ဒါဇင်နဲ့ချီသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 23 Views
ဇန်နဝါရီလ (၂၆)ရက်။ ဒီကနေ့ နံနက် (၈)နာရီကျော်အချိန်က မြင်းခြံမြို့ ဆင်းဂွတ်ရွညစာသင်ကျောင်းအနီးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မြင်းခြံမြို့ ဆင်းဂွတ်ကျေးရွာစာသင်ကျောင်းကို စကစက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ လူပေါင်း
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

စစ်မှုထမ်းစုဆောင်းခံရပြီး ကရင်နီပြည်ရှေ့တန်းပို့ခံရတဲ့ စစ်ကောင်စီတပ်သား(၇)ဦး KNDF ထံ အလင်းဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 6 Views
ဇန်နဝါရီလ (၂၆)ရက်။ စစ်မှုထမ်းစုဆောင်းခံရပြီး ကရင်နီပြည်နယ် ရှေ့တန်းစစ်ဆင်ရေးတွေဆီ ပို့ဆောင်ခံရတဲ့ စစ်ကောင်စီတပ်သား (၇)ဦး ထွက်ပြေးခိုလှုံလာတယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၁၉)ရက်နေ့က လွိုင်ကော်မြို့ပြင်ရှိ ကင်းစခန်းတစ်ခုကနေ လက်နက်မဲ့ထွက်ပြေးလာတဲ့ ခမရ(၃၄၀)တပ်ရင်းက