နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 21 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ

CPU/CPA နဲ့ AA ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့

ဧပြီလ (၂၁)ရက်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ချင်းအမျိုးသားအစည်းအရုံး(CPU/CPA)နဲ့ AA ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြတယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

CPU ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ‌ဝင်တွေဟာ AA က ဖိတ်ကြားတာကြောင့် အာရက္ခဒေသကို သွားရောက်ပြီး AA ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

တွေ့ဆုံပွဲမှာ နွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်တဲ့ အခြေအနေတွေအပါအဝင် ချင်းပြည်သူနဲ့ အာရက္ခပြည်သူ‌တွေအကြား အိမ်နီးချင်းကောင်းတွေ ပီသစွာ ရေရှည် အပြန်အလှန် အကျိုးပြုဖို့အတွက် ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ရှေ့ဆက် ပူးတွဲလုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကိုလဲ ချမှတ်နိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် အဲ့ဒီခရီးစဉ်ဟာ ရက်သတ္တပတ် (၂)ပတ်ခန့် ကြာမြင့်ခဲ့ပြီး CPU/CPA အတွက် လေ့လာသင်ယူစရာတွေနဲ့ အလွန်တရာ အကျိုးရှိတဲ့ ခရီးစဉ်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ခရီးစဉ်မှာ AA က နွေးထွေးစွာ ကြိုဆိုဧည့်ခံခဲ့ကြပြီး အထင်ကရနေရာတွေကို လိုက်လံပြသပို့ဆောင်ခဲ့ကာ အထူးကျေးဇူးတင်တယ်လို့ CPU က ထည့်သွင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ

ပုဏ္ဏားကျွန်းမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ အရပ်သား (၁၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 123 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီကျော်အချိန်က ပုဏ္ဏားကျွန်းမြို့ ယိုးငူရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့
၁၁၁၃ ရခိုင်စစ်ပွဲ

ပန်းတောင်းမြို့ရှိ စစ်တပ်ရဲ့ ပွိုင့်(၆၆၆)စခန်းကုန်းကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 836 Views
ဇန်နဝါရီလ (၃၀)ရက်။ ဇန်နဝါရီလ (၂၈)ရက် ညနေ (၅)နာရီခွဲကျော်အချိန်က ပန်းတောင်းမြို့ရှိ စစ်တပ်ရဲ့ ပွိုင့်(၆၆၆)စခန်းကုန်းကို AA နဲ့ ပူးပေါင်းတပ်တွေ
၁၁၁၃ ရခိုင်စစ်ပွဲ

ကျောက်ဖြူမြို့မှာ စစ်ဘေးရှောင်တွေရှိတဲ့ မရွင်းရွာစာသင်ကျောင်း ဗုံးကြဲခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 1.26K Views
ဇန်နဝါရီလ (၂၄)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီအချိန်က ကျောက်ဖြူမြို့ရှိ မရွင်းရွာစာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ မရွင်းရွာကို စစ်တပ်က အသေခံဒရုန်း (၂)စီးနဲ့ ဗုံးကြဲသွားတာ။ အဲ့ဒီမှာ စစ်ရှောင်တွေနေတဲ့
၁၁၁၃ ရခိုင်စစ်ပွဲ

မောင်တောရှိ AA ရဲ့ နယ်စပ်လုံခြုံရေးစခန်းကို အစ္စလာမ်မစ်လက်နက်ကိုင်အဖွဲ့က အလစ်ဝင်တိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 203 Views
ဒီဇင်ဘာလ (၁၅)ရက်။ ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက် (၆)နာရီခွဲအချိန်က မောင်တောခရိုင် အထက်ကျီးကျွန်း နယ်စပ်မှတ်တိုင် (၂၀/၂၁)ကြားရှိ AA ရဲ့ နယ်စပ်လုံခြုံရေးစခန်းတခု တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA ရဲ့ နယ်စပ်လုံခြုံရေးစခန်းကို
၁၁၁၃ ရခိုင်စစ်ပွဲ

ကျောက်ဖြူမြို့ လေကြောင်းဗုံးကြဲခံရပြီး အရပ်သား (၈)ဦးသေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 232 Views
ဒီဇင်ဘာလ (၁၂)ရက်။ မနေ့က ည (၇)နာရီခွဲကျော်အချိန်က ကျောက်ဖြူမြို့ရှိ င/လုံးစု အထက်ရွာနဲ့ အောက်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြောက်ဦးဆေးရုံကို လေကြောင်းကနေ ဗုံးကြဲသလိုမျိုး
၁၁၁၃ ရခိုင်စစ်ပွဲ

မြောက်ဦးမြို့ပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရတဲ့အပေါ် ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်
  • 207 Views
ဒီဇင်ဘာလ (၁၂)ရက်။ မြောက်ဦးမြို့ပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ၊ စေခိုင်းသူနဲ့ ပါဝင်ပတ်သက်သူတွေကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့လုပ်ရပ်က လွန်စွာ စက်ဆုတ်ရွံရှာဖွယ် အကြမ်းဖက်လုပ်ရပ်သာမက ရခိုင်ဒေသမှာ
၁၁၁၃ ရခိုင်စစ်ပွဲ

မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ လူနာ (၁၀)ဦးခန့် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 204 Views
ဒီဇင်ဘာလ (၁၁)ရက်။ မနေ့က ည (၉)နာရီကျော်အချိန်မှာ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည (၉)နာရီ (၁၃)မိနစ်လောက်မှာ မြောက်ဦးမြို့
၁၁၁၃ ရခိုင်စစ်ပွဲ

နတ်ရေကန်ဗျူဟာကုန်းအပါအဝင် တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို AA ဖမ်းဆီးရမိခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 176 Views
နိုဝင်ဘာလ (၁၂)ရက်။ နတ်ရေကန်ဗျူဟာကုန်းအပါအဝင် နေ့တိုင်းလိုလို ပြင်းထန်နေတဲ့ တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရခိုင်-ပဲခူးတိုင်းအစပ်၊ ရခိုင်-မကွေးတိုင်းအစပ်နဲ့ ရခိုင်-ဧရာဝတီတိုင်းအစပ်တို့မှာ စစ်ကော်မရှင်တပ်ရဲ့ ထိုးစစ်တွေကို AA