ဇွန်လ (၂၉)ရက်။
တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။
တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အတူ အချင်းချင်းကြား သဘောထားကွဲလွဲတာဟာ ဓမ္မတာဖြစ်ပေမယ့် လက်နက်အားကိုးနဲ့ ဖြေရှင်းဖို ကြိုးပမ်းတာဟာ တော်လှန်ရေးအဟုန်ကို ရပ်တန့်စေနိုင်ပြီး စစ်အုပ်စုကိုသာ အသက်သွင်းရာရောက်တယ်လို ဆိုပါတယ်။
ဒါ့ကြောင့် တော်လှန်ရေးအဖွဲတွေအကြား နိုင်ငံရေးအရ တန်းတူဆက်ဆံတာတွေ၊ အပြန်အလှန် လေးစားအသိအမှတ်ပြုတာတွေဟာ တော်လှန်ရေးကာလထဲ မဖြစ်မနေ လုပ်ဆောင်ရမယ်လို ပြောဆိုထားပါတယ်။
နောက်ပြီး အခုအချိန်ဟာ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုကို မဖြစ်မနေ စတင်ဖို အရေးကြီးဆုံး အချိန်အခါကို ရောက်ရှိနေပြီလို အသိပေးထားပါတယ်။
အခုအခါ သပိတ်ကော်မတီတွေ၊ နိုင်ငံရေးအင်အားစုနဲ့ ဒီမိုကရေစီလှုပ်ရှားရေးအဖွဲ (၁၅၀)ကျော်က လှုပ်ရှားမှုရဲ့ အခြေခံမူတွေကို အပြည့်အဝ ထောက်ခံထားပြီး ကျန်တဲ့အင်အားစုတွေ ပူးပေါင်းပါဝင်ကြဖို ဖိတ်ခေါ်ထားပါတယ်။
အဲ့ဒီလှုပ်ရှားမှုဟာ လက်နက်သုံး ဖြေရှင်းတာကို ဝိုင်းဝန်း တားဆီးဖိုနဲ့ နိုင်ငံရေးအရ ညှိနှိင်းဆွေးနွေးတာတွေကို ဝန်းရံဖို၊ တတ်သိပညာရှင်တွေအနေနဲ့ ဦးတည်ချက်မပျောက်အောင် ကူညီဖိုနဲ့ လူထုဖိအားတရပ်အနေနဲ့ ဝိုင်းဝန်းပါဝင်ဖို နှိးဆော်ထားပါတယ်။
ဒါ့အပြင် ဒီလှုပ်ရှားမှုဟာ ဘယ်သူ့ကိုမှ အပြစ်တင်ဖို မဟုတ်ဘဲ စည်းလုံးညီညွတ်စွာနဲ့ ပန်းတိုင်ကို အတူလျှောက်လှမ်းနိုင်ဖိုဖြစ်တယ်လို အသိပေးထားပါတယ်။
တော်လှန်ရေးရဲဘော်တွေ၊ ပြည်သူတွေအနေနဲ့လဲ တတ်နိုင်တဲ့ကဏ္ဍ၊ လွတ်လပ်တဲ့ ပုံစံတွေနဲ့ လှုပ်ရှားမှုမှာ တက်ကြွစွာ ပူးပေါင်းပါဝင်ပေးကြဖို ဖိတ်ခေါ်ထားတယ်လို သိရပါတယ်။











