နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

ဆောင်းပါးများ

ဆောင်းပါးများ မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ကဖြုတ်ချပြီး ၂ နှစ်အကြာ မြန်မာနိုင်ငံက ဘယ်လို အခြေအနေရှိလဲ

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို မြန်မာစစ်ဗိုလ်ချုပ်များက ဖြုတ်ချပြီးနောက် နှစ်နှစ်အကြာ ပြည်တွင်း ပဋိပက္ခတွင် လူပေါင်း ထောင်နှင့်ချီ သေဆုံးခဲ့ပြီး အများအပြားမှာ နေအိမ်များမှ အတင်းအကြပ် ရွှေ့ပြောင်းခဲ့ကြရပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြင့် ကြုံတွေ့နေကြရသည်။

တစ်ချိန်က အရှေ့တောင်အာရှတွင် အလျင်မြန်ဆုံး ကြီးထွားလာခဲ့သည့် မြန်မာ့စီးပွားရေးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက် နောက်ပိုင်းတွင် နောက်ကျ ကျန်နေခဲ့ပြီး နိုင်ငံသားများသည် ကပ်ရောဂါ ခံစားရမှုအပြင် စစ်တပ်က ထပ်လောင်းအာဏာသိမ်းမှုကြောင့် ပေါင်းစည်းဒုက္ခကို ခံစားခဲ့ရသည်။

လွန်ခဲ့သည့် ဆယ်နှစ်ခန့်က မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးမှ အရပ်သား အစိုးရအဖြစ် ပေါ်ထွက်ခဲ့ပြီး တဖြည်းဖြည်း အသွင်ကူးပြောင်းလာကာ ၎င်း၏ စီးပွားရေးကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် စွန့်ဦးတီထွင်မှုများ ပိုမိုလုပ်ဆောင်နိုင်စေရန်နှင့် မီဒီယာများ၏ ဆင်ဆာဖြတ်တောက်မှုများကိုလည်း ဖြေလျှော့ပေးခဲ့သည်။

စားသုံးသူများ ဝယ်ယူနိုင်သည့် ခေတ်မီသောဈေးကွက်များ နေရာယူလာခဲ့ပြီး အကြီးမားဆုံး မြို့ကြီးဖြစ်သည့် ရန်ကုန်ရှိ ဈေးဝယ်စင်တာများ၊ ဖေ့စ်ဘုတ်နှင့် ဆဲလ်ဖုန်းများ အသုံးပြုမှုမှာ ပုံမှန်လုပ်နေကြကဲ့သို့ ဖြစ်လာခဲ့သည်။ စစ်တပ်က အာဏာ သိမ်းပြီးနောက် လူထောင်ပေါင်းများစွာ လမ်းမတွေပေါ် ထွက်ပေါ်လာခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲခဲ့သော်လည်း စစ်တပ်မှ အကြမ်းဖက် ဖြိုခွင်းနှိမ်နင်းခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဘာတွေ ဖြစ်ခဲ့သလဲ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အုပ်ချုပ်ခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ထိပ်ပိုင်းအဖွဲ့ဝင်များကို စစ်တပ်က ဖမ်းဆီးခဲ့သည်။ မဲမသမာမှုများ ကြီးကြီးမားမား ရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်မှ ပြောကြားသော်လည်း လွတ်လပ်သော ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကမူ မဲမသမာမှုများ ကြီးကြီးမားမား မမှန်မကန်ဖြစ်သည်ကို မတွေ့ခဲ့ကြပေ။ ၂၀၀၇ ခုနှစ် ဒီမိုကရေစီရေး ဆန္ဒပြပွဲများကို အကြမ်းဖက် ဖြိုခွင်းရာတွင် လူသိများသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ယခု စစ်တပ်အစိုးရကို ဦးဆောင်နေသည်။

အရပ်သားအစိုးရကို ဖြုတ်ချခြင်းသည် ကျယ်ပြန့်သော ဆန္ဒပြမှုများနှင့် အာဏာဖီဆန်မှုကို နှိုးဆွစေသည်။ ရက်သတ္တပတ်များ ကြာမြင့်လာသည်နှင့်အမျှ လုံခြုံရေးတပ်ဖွဲ့များသည် အတိုက်အခံများကို အကြမ်းဖက်မှုများဖြင့် ဖြိုခွင်းခဲ့သည်။ ယခုအချိန်အထိ အရပ်သား ၃၀၀၀ နီးပါး သေဆုံးခဲ့သည်။ သောင်းနှင့်ချီသော စစ်တပ်၏ လုံခြုံရေးတပ်ဖွဲ့များနှင့် လက်နက်ကိုင်ဆောင်ထားသော အရပ်သားများအကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။

တစ်ခါတစ်ရံတွင် အရပ်သား တိုက်ခိုက်ရေးသမားများသည် ဆယ်စုနှစ်ပေါင်းများစွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မဟာမိတ်ဖွဲ့ကြသည်။ စစ်တပ်၏ အာဏာသိမ်းမှုသည် နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရသည်။ အစိုးရများစွာသည် စစ်တပ်ဦးဆောင်သော ခေါင်းဆောင်မှုကို ရှောင်ကွင်းပြီး ပိတ်ဆို့အရေးယူမှုများ ချမှတ်ကာ ငွေကြေးစီးဆင်းမှုအချို့ကို ဖြတ်တောက်ခဲ့သည်။ သို့သော် အရှေ့တောင်အာရှရှိ အိမ်နီးချင်းနိုင်ငံများနှင့် မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး မဟာမိတ်ဖြစ်သည့် တရုတ်တို့က ယင်းကဲ့သို့ လုပ်ရပ်များကို ငြင်းဆန်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာလဲ

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် အာဏာရလာချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို ကိုင်ဆောင်ကာ အစိုးရအကြီးအကဲအဖြစ် တာဝန်ယူခဲ့ပြီးနောက် တပ်မတော်မှ ဖမ်းဆီး၍ အာဏာကို ရယူခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် တရားရုံးတစ်ရုံးက သူမအား အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့ပြီး စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများနှင့် တသီးပုဂ္ဂလ လေ့လာသုံးသပ်သူများကမူ သူမနှင့် သူမ၏ မဟာမိတ်များအပေါ် စွဲချက်များစွာ တင်ခြင်းသည် ယခုနှစ်နှောင်းပိုင်းတွင် ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးမှ ဖယ်ထုတ်ခြင်းဖြစ်ပြီး စစ်တပ်မှ အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်ကြောင်း တရားဝင် ပြောဆိုကြသည်။

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း နေအိမ်အကျယ်ချုပ်ဖြင့် နိုင်ငံရေးအကျဉ်းသားအဖြစ် (၁၅) နှစ်နီးပါး နေထိုင်ခဲ့ရသည်။ သူမကို စစ်ဆေးသည့် တရားရုံးအနီးရှိ နေပြည်တော်အကျဉ်းထောင်ထဲတွင် အသစ်တည်ဆောက်ထားသည့်အိမ်တွင် သူမကို အကျဉ်းချထားသည်။

စစ်အုပ်ချုပ်ရေးအောက်မှာနေထိုင်ရသောဘဝက ဘယ်လိုလဲ

စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်အကြာတွင် ရန်ကုန်နှင့် အခြားမြို့ကြီးများ၏ ဘဝများသည် ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသော်လည်း ကျေးလက်ဒေသအများအပြားတွင် တိုက်ပွဲများကြောင့် ပြည်တွင်းပဋိပက္ခတွင် နစ်မွန်းနေခဲ့ရသည်။ သဘောထားကွဲလွဲမှုများကို ချေမှုန်းရန် စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များသည် မတရားဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်ခဲ့သည်ဟု လူ့အခွင့်အရေးသမားများက ပြောသည်။ မြန်မာ့ တပ်မတော်သည် ပြင်းထန်သော လက်နက်ကိုင်တော်လှန်ရေးကို ချေမှုန်းရန် အသေအပျောက် အများဆုံးဖြစ်စေသည့် လေကြောင်းတိုက်ခိုက်မှုများ တိုးမြင့်လုပ်ဆောင်နေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့များက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုများကို ကြီးမားစွာ ပြုလုပ်နေခြင်းအတွက် စစ်တပ်တွင် တာဝန်ရှိသော်လည်း အတိုက်အခံ စစ်သွေးကြွများသည် စစ်ဘက်အရာရှိများနှင့် ၎င်းတို့၏ ထောက်ခံသူများကို ဗုံးခွဲတိုက်ခိုက်သတ်ဖြတ်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အတိုက်အခံများကို မတရား အတင်းအကြပ်နည်းလမ်းနှင့် မှားယွင်းစွာ အာဏာရယူဖို့ ကြိုးစားနေတယ်လို့ အင်္ဂါနေ့က စွပ်စွဲလိုက်ပါသည်။ အထည်ချုပ်လုပ်ငန်းနှင့် လယ်ယာကဏ္ဍတွင် ရှိသည့် အင်အားအချို့ကြောင့် ယခုနှစ်တွင် စီးပွားရေးသည် (၃) ရာခိုင်နှုန်း တိုးလာမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။ သို့သော် ၎င်းသည် ကပ်ရောဂါ မဖြစ်ပွားမီနှင့် စစ်တပ်အာဏာသိမ်းမှုမတိုင်မီ ၂၀၁၉ ခုနှစ်ထက် သေးငယ်နေသေးသည်။

စစ်တပ်မှ အာဏာပြန်ရယူလာမှုသည် ဆယ်စုနှစ်တစ်ခုကြာ ပြုပြင်ပြောင်းလဲမှုများကို ရပ်တန့်စေခဲ့ပြီး လူဦးရေ၏ ၄၀ ရာခိုင်နှုန်းသည် ဆင်းရဲတွင်းနက်နေခဲ့ရသည်။ စစ်တပ်အုပ်ချုပ်မှုအောက်တွင် တင်းကြပ်သော နိုင်ငံခြားငွေ လဲလှယ်နှုန်း ထိန်းချုပ်မှုနှင့် စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ မသေချာ ရေရာမှုများ ရှိနေသော်လည်း အချို့သောစီးပွားရေး လုပ်ငန်းများသည် အလွတ်သဘော ပေးချေမှုနှင့် ကုန်သွယ်မှုလမ်းကြောင်းများကို အသုံးပြု၍ လည်ပတ်ရန် နည်းလမ်းများကို ရှာဖွေနေကြသည်။ တရုတ်နိုင်ငံနှင့် မြန်မာကုန်သွယ်မှုလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းသည်လည်း အထောက်အကူ ဖြစ်စေပါသည်။ သို့သော် ပြည်တွင်းပဋိပက္ခကြောင့်နှင့် လုံခြုံရေးပြဿနာများကြောင့် အန္တရာယ်များ တိုးလာခဲ့သည်။

ရှေ့တွင် ဘာတွေ ဆက်ဖြစ်မည်နည်း

အကျပ်အတည်းမှ လွတ်မြောက်ရန် လမ်းစသည် ရှင်းလင်းစွာ မရှိသေးပါ။ ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပမည့် အထွေထွေ ကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပြုထားသော ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည့် အတိုက်အခံ အုပ်စုများအတွက် ခက်ခဲစေသည့် ကြီးမားသော စိန်ခေါ်မှုမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတစ်ရပ်ကို တပ်မတော်က ထိန်းချုပ်ထားသော အစိုးရမှ ပြဋ္ဌာန်းလိုက်ခြင်းပင် ဖြစ်သည်။

လွတ်လပ်သော မီဒီယာ မရှိခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီခေါင်းဆောင်အများစု ဖမ်းဆီးခံရခြင်းတို့ကြောင့် စစ်တပ်မှ စီစဉ်သည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမည် မဟုတ်ဟု ဝေဖန်သူများက ပြောဆိုနေကြသည်။ နိုင်ငံရေး တရားဝင်မှုနှင့် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိရန် စစ်တပ်က လှည့်ဖြားထားသည့် ရွေးကောက်ပွဲအတုကို လက်ခံမည် သို့မဟုတ် အသိအမှတ်မပြုကြောင်း NLD ပါတီက ကြေညာထားသည်။

ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး သူတို့ကို လွှတ်တော်တွင် မတက်ရောက်ခွင့်မရရှိဘဲ စစ်အာဏာသိမ်းခံလိုက်ရသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် မြေအောက်တွင် စင်ပြိုင်အစိုးရအဖြစ် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ရွေးကောက်ပွဲကို ဆန့်ကျင်လျက်ရှိသည်။

ဒီမိုကရေစီလိုလားသော လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့သည် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများကို နှောင့်ယှက်ရန် ကြိုးပမ်းနေပြီး မဲဆန္ဒရှင် စာရင်းကောက်ယူရာတွင် အသုံးပြုနိုင်သည့် လူဦးရေစာရင်း ကောက်ယူနေသည့် တပ်မတော်အစိုးရ၏ ပုဂ္ဂိုလ်များကို တိုက်ခိုက်ခြင်းဖြင့် ရွေးကောက်ပွဲကို တားဆီးနှောက်ယှက်ရန် လုပ်ဆောင်နေသည်။

Source: အေပီ

ELAINE KURTENBACH (AP) မှ ရေးသားသည့် ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

AA နဲ့တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွှေရင်မျှော်ဆရာတော်ရဲ့သင်္ကန်းကို အဆောင်အယောင်အနေနဲ့ ကိုးကွယ်နေကြရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
ဇွန်လ (၂၄)ရက်။ ပုသိမ်ခရိုင်ထဲ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ ရိုးမတောထဲ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေက စစ်ဗိုလ်တွေအပါအဝင် တပ်ဖွဲ့တွေဟာ နေ့တိုင်း စစ်ရှိန်ပြင်းထန်လာတာနဲ့အတူ တပ်ပြေးအနေနဲ့ ထွက်ပြေးနေတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ရွှေကူခရိုင်ထဲနေသူတွေ စစ်ကောင်စီနဲ့ မပတ်သက်ကြဖို KIA သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 16 Views
ဇွန်လ (၂၄)ရက်။ ရွှေကူခရိုင်နယ်မြေထဲ နေထိုင်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တာ မလုပ်ကြဖို KIA က မနေ့ကရက်စွဲနဲ့ သတိပေးထားတယ်လို သိရပါတယ်။ စစ်ကောင်စီနဲ့ မပတ်သက်ဖို KIA က သတိပေးတာမှာ ရွှေကူခရိုင်ထဲ နေထိုင်တဲ့ ပြည်သူတွေနဲ့
မြန်မာသတင်း

နွားထိုးကြီးတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က တပ်ပျက်ပြီး ဆုတ်ခွာထွက်ပြေးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 12 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၂၁)ရက်နေ့ ညနေ (၆)နာရီဝန်းကျင်ခန့်က နွားထိုးကြီးမြိုမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို နွားထိုးကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ဟာ ဖက်ခူးရွာကနေ ထွက်လာချိန် မြင်းခြံခရိုင်အမှတ်(၄/၁၀)တပ်ရင်းတိုနဲ့ (၁)နာရီနီးပါးကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်ကောင်စီရဲ့လေယာဉ်တစီး ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 13 Views
ဇွန်လ (၂၃)ရက်။ မြိုင်နယ်ထဲ စစ်ကောင်စီရဲ့ Mi-17 လေယာဉ်တစီးကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို မြိုနယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြိုင်နယ်ရှိ တွင်းမပျုစောထီးရွာထဲ လေယာဉ်ဆင်းသက်ချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တာလို ဆိုပါတယ်။ စစ်ကောင်စီရဲ့
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းက စိတ်ရောဂါသည်အပါအဝင် ပြည်သူ (၅)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 12 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၁၅)ရက်နေ့မှာ ကမ္မဒေသကနေ မြိုင်နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ We Love Myaing ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိတ္ထီလာက တပ်မ(၉၉)နဲ့ ပခုက္ကူက
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့ကြား အင်အားသုံးဖြေရှင်းတာကို PRF နဲ့ PDA ဆန့်ကျင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 11 Views
ဇွန်လ (၂၃)ရက်။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အင်အားသုံးဖြေရှင်းတဲ့အပေါ် ဆန့်ကျင်ရှုတ်ချတယ်လို့ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုဖြေရှင်းတာတွေကြောင့် မိုင်းထိမှန်ကာ ထိခိုက်ခဲ့တဲ့ PDF ရဲဘော်တွေရှိလာတာနဲ့ PLA ရဲဘော်တွေရဲ့ မိသားစုဝင်တွေ လက်နက်နဲ့ ခြိမ်းခြောက်ဖမ်းဆီးခံရတာ စတဲ့