ဒါရိုက်တာစတီး(ဒွေးမေတ္တာ)ကို မတ်လ ၂၀ရက် ဒီကနေ့ မနက်ပိုင်း ၉နာရီလောက်မှာ အရပ်ဝတ်နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒါရိုက်တာစတီးကို ဖမ်းဆီးဖို့ အယောက် ၂၀ကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာတာ ဖြစ်တယ်လို့သိရပါတယ်။
အဲဒီအချိန်မှာ ဒါရိုက်တာ စတီးလ်က နေအိမ်မှာမရှိပါဘူး ။
ဒါရိုက်တာ စတီးလ်ရဲ့ အိမ်ကိုချိတ်ပိတ်အရေးယူမယ် လို့ စစ်ကောင်စီဘက်က ဖိအားပေး ပြောဆိုခဲ့တယ်လို့သိရပါတယ်။ အဲဒီလို ဖိအားပေးပြီး သူနဲ့ အဆက်အသွယ်ရဖို့ လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။
အဲဒီနောက် ဖုန်းနဲ့ အဆက်အသွယ်ရတဲ့အခါ အိမ်ကိုပြန်လာနေတဲ့ ဒါရိုက်တာစတီးကို သန်လျင်နာရီ စင်နားမှာ စစ်ကောင်စီရဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးလိုက်တာပါ။
ဒါရိုက်တာ စတီးလ်းကို ဖမ်းဆီးပြီးနောက်ပိုင်းကတည်းက အခုချိန်အထိ
အဆက်သွယ်ရရှိတာမျိုးမရှိသေးဘူးလို့ မိသားစုနဲ့နီးစပ်သူတွေဆီက တဆင့်သိရပါတယ်။
လာရောက်ဖမ်းဆီးရတဲ့ အကြောင်းအရင်းတစုံတရာမှကို မိသားစုဝင်တွေဘက်က သိရှိရတာမျိုးမရှိသေး ဘူးလို့သိရပါတယ်။
Era’s Eye | Photo – CRD