နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

မကွေးတိုင်း အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှ စစ်သား သုံးဦးနှင့် တိုင်းရဲတပ်ဖွဲ့မှ ရဲ လေးဦးလက်နက်များနှင့် CDM ပြုလုပ် ၊ တစ်ဦးလျှင် သိန်းတစ်ရာကျော်စီ ချီးမြှင့်ခဲ့

စစ်ကောင်စီ၏ မကွေးတိုင်း အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှ စစ်သား သုံးဦးနှင့် တိုင်းရဲတပ်ဖွဲ့မှ ရဲ လေးဦး လက်နက်များနှင့်အတူ အလင်းဝင်လာပြီး ပြည်သူနှင့်ပူးပေါင်လာ၍ တစ်ဦးလျှင် ကျပ်သိန်း ၁၀၀ကျော်စီချီးမြှင့်လိုက် မြိုင်(ပကဖ) က ထုတ်ပြန်ထားပါတယ်။

မြိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံသို့ အလင်းဝင်ရောက်လာသော တပ်မ(၁၀၁)မှ စစ်သား သုံးဦးနှင့် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲ လေးဦးတို့သည် ယနေ့ (ဧပြီလ ၃ ရက်) နံနက်ပိုင်းတွင် ယခင်က ချိတ်ဆက်ထားသော တပ်တွင်းကိစ္စရပ်များအရ အလင်းဝင်ရောက်လာပြီး တစ်ဦးလျှင် ကျပ် ၁၀၆သိန်းစီ စုစုပေါင်း ၇၄၂ သိန်းအား မြိုင်(ပကဖ)ရင်း – ၁ ဗိုလ်လက်ယာအဖွဲ့က ချီးမြင့်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

Era’sEyes | Photo – မြိုင်(ပကဖ) (အလင်းဝင်လာသည့် စစ်သားနှင့်ရဲများ အပ်နှံလာသော လက်နက်များအား တွေ့ရစဥ်။)

အလင်းဝင်ရောက်လာသည့် စစ်သားနှင့်ရဲများသည် MA3 ၃လက်၊ G3 ၂ လက်၊ G4 ၂ လက် စုစုပေါင်း သေနတ် ခုနစ်လက် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သံတောင်ကြီးရှိ စစ်ကောင်စီ တိုက်ခိုက်ရေးကျောင်း ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ ဗိုလ်မှူးအဆင့်အပါအဝင် (၇)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 22 ရက်
  • 4 Views
မေလ (၂၁)ရက်။ မနေ့က သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးကျောင်း(ဘုရင့်နောင်)ကို ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ထဲ နောက်ဆက်တွဲအခြေအနေကို Brave Warriors for Myanmar(BWM)က
မြန်မာသတင်း

နွေဦးတော်လှန်ရေး (၄)နှစ်ကျော်ကာလထဲ စစ်ကောင်စီလေယာဉ် (၅)စီးအထိ ပစ်ချနိုင်ခဲ့တယ်လို့ KIA ပြော

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 15 Views
မေလ (၂၁)ရက်။ နွေ‌ဦးတော်လှန်ရေး (၄)နှစ်ကျော်ကာလထဲ စစ်ကောင်စီရဲ့ လေယာဉ် (၅)စီးအထိကို ပစ်ချနိုင်ခဲ့တယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

မြန်မာတဦးနှင့် ဗီယက်နမ်တဦးကို ထရန့်အစိုးရမှ တောင်ဆူဒန်သို့ ပို့ဆောင်ပြည်နှင်ဒဏ်ပေးခဲ့

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 8 Views
မေလ (၂၁) ရက်။ စစ်ဘေးသင့် တောင်ဆူဒန်သို့ ပြည်နှင်ဒဏ်ပေးထားသော ရွှေ့ပြောင်းနေထိုင်သူများကို ‘အစိုးရထိန်းသိမ်းမှုအောက်တွင်’ ဆက်လက်ထားရှိရန် ထရန့်အစိုးရကို တရားသူကြီး အမိန့်ပေးခဲ့သည်။ ရွှေ့ပြောင်းအခြေချများ၏ ရှေ့နေများက တောင်ဆူဒန်မှမဟုတ်သည့်သူများကို ထိုနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းသည် တရားရုံးအမိန့်ကို ဖောက်ဖျက်ကြောင်း ထောက်ပြခဲ့ကြပြီး
မြန်မာသတင်း

နောင်ချိုမြို့ ဟိုခိုရွာကို စစ်ကောင်စီက ပေါင်(၂၅၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 12 Views
မေလ (၂၁)ရက်။ မနေ့က ညနေ (၄)နာရီကျော်အချိန်က နောင်ချိုမြို့ ဟိုခိုရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင်(၂၅၀)ဗုံးနဲ့ ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချိုမြို့ ဟိုခိုရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ
မြန်မာသတင်း

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့ရတာကြောင့် ဓါတ်အားလိုအပ်ချက် မပြည့်တာလို စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 21 ရက်
  • 13 Views
မေလ (၂၁)ရက်။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း မရပ်ဆိုင်းခဲ့ရရင် မဂ္ဂါဝပ် (၆၀၀၀)ရရှိမှာဖြစ်တယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိင်က မနေ့က အစည်းအဝေး ဒုတိယနေ့မှာ ပြောဆိုခဲ့တယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံမှာ လျှပ်စစ်နဲ့ပတ်သက်ပြီး လိုအပ်ချက်ပြည့်မီတာ မရှိသေးဘဲ လျှပ်စစ်စွမ်းအင်မရှိရင် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို
မြန်မာသတင်း

ဗန်းမော်မှာ စစ်ကူလာတဲ့ စစ်ကောင်စီရဟတ်ယာဉ်တစီး ပစ်ချခံရပြီး မီးလောင်ပျက်စီးခဲ့

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 23 Views
မေလ (၂၀)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီအချိန်က ဗန်းမော်မြိုကို စစ်ကူလာတဲ့ စစ်ကောင်စီရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေးတပ်ဖွဲတွေက ပစ်ချနိုင်ခဲ့တယ်လို မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဗန်းမော်မှာ ထောက်ပိုတက်လာတဲ့ စစ်ကောင်စီတပ်က ရဟတ်ယာဉ် (၃)စီးကို‌ တော်လှန်ရေးတပ်တွေက ပစ်‌ခတ်တိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

စစ်ဒေသ (၃)ခုလုံးမှာ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲတွေဖော်ဆောင်နေတယ်လို BPLA ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 23 Views
မေလ (၂၀)ရက်။ စစ်ဒေသ (၃)ခုလုံးမှာ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲတွေ ဖော်ဆောင်နေတယ်လို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က မနေ့က အသိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ “ စစ်ရေးဖော်ဆောင်တဲ့အပိုင်းမှာ ကျနော်တိုမှာ စစ်ဒေသ (၃)ခုရှိပါတယ်။ အဲ့ဒီစစ်ဒေသ (၃)ခုလုံးမှာရှိတဲ့ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲတွေ
မြန်မာသတင်း

စစ်ကောင်စီက စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၃) သင်တန်း‌တွေဖွင့်လှစ်

  • 2025 ခုနှစ်၊ မေလ 20 ရက်
  • 17 Views
မေလ (၂၀)ရက်။ မနေ့က နံနက်ပိုင်းအချိန်က စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၃) သင်တန်းတွေကို စတင်ဖွင့်လှစ်ခဲ့တယ်လို စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၃) သင်တန်းဖွင့်ပွဲတွေကို စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံသင်တန်းကျောင်းတွေမှာ ကျင်းပပြုလုပ်ခဲ့တာလို ဆိုပါတယ်။