မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ ရိုဟင်ဂျာကယ်ဆယ်ရေးစခန်းများမှ ဒုက္ခသည် ၄၀၀ ကျော် သေဆုံးပြီး ပျောက်ဆုံးနေသူများလည်းရှိနေတယ်လို့ NUG ၏လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအကြံပေး ဦးအောင်ကျော်မိုးက မြေပြင်သတင်းပေးပို့ချက်များကို ကိုးကား၍ ပြောကြားထားပါတယ်။
၎င်းက “ လတ်တလော မြေပြင်ကပို့ပေးတဲ့ သတင်းအချက်အလက်အရ ၄၀၀ ကျော်ပေါ့။ ရွာအသီးသီးမှာတော့ ပုံသဏ္ဍာန်မျိုးစုံနဲ့ ထိခိုက်နစ်နာတဲ့လူတွေရှိတယ်။ ဒဏ်ရာရတဲ့သူတွေရှိတယ်။ သေဆုံးတဲ့ဦးရေကတော့ အတည်ပြုထားနိုင်တာက ၄၀၀ ကျော် ဖြစ်ပါတယ်” ဟု ပြောကြားချက်ကို ဧရာဝတီ သတင်းဌာန မှာဖော်ပြထားတာပါ။
Era’sEyes|Ref:irrawaddy/ပုံစာ – မိုခါ မုန်တိုင်းအပြီး စစ်တွေမြို့ပြင် မွတ်စလင်များ နေထိုင်ရာမှ အပျက်အစီးများ (ဓာတ်ပုံ/ AFP)
မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် စစ်တွေမြို့နယ်၊ မွတ်ဆလင်ကယ်ဆယ်ရေးစခန်းများမှ ဒုက္ခသည်ဦးရေ ၄၀၀ ကျော်သေဆုံးခဲ့ပြီး အများအပြားပျောက်ဆုံးနေကြောင်း သေဆုံးမှုများကို ကွင်းဆင်းစာရင်းပြုစုနေသူ သက်ကယ်ပြင်စခန်းတွင် နေထိုင်သူတဦးက ပြောသည်ဟုလည်း Western News သတင်းကဖော်ပြထားပါတယ်။
စစ်တွေမြို့နယ် ပင်လယ်ကမ်းရိုးတန်းရှိ ဒါးပိုင်၊ အုန်းတောကြီး၊ ဘာဆာလာ၊ စံပြကျေးရွာ၊ ဘာဆာလာ Camp၊ ဘောဒူဗနှင့် ဗေဒကျေးရွာများမှ အများအပြားသေဆုံးခဲ့ခြင်းဖြစ်ပြီး လူပေါင်း ရာနှင့်ချီပျောက်ဆုံးနေကြောင်းလည်း Western News က ဖော်ပြထားပါတယ်။