လိုက်ပ်ဇစ်ကွင်းလယ်လူ ဇိုဘော့ဇ်လိုင်ကို လီဗာပူးအသင်းခေါ်ယူအားဖြည့်
လီဗာပူးအသင်းဟာ ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းက ကွင်းလယ်လူ ဇိုဘော့ဇ်လိုင်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ နဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခေါ်ယူလိုက်ပါတယ်။ ဇိုဘော့ဇ်လိုင်ဟာ အခုနွေရာသီမှာ လီဗာပူးအသင်းရဲ့ ဒုတိယမြောက် ကစားသမားသစ်ခေါ်ယူမှု ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဘရိုက်တန်အသင်းက...


