ပုလဲမှာ လေကြောင်းစစ်ကူလာတဲ့ စစ်ကောင်စီ ဂျက်ဖိုက်တာတစီးကို PLA ပစ်ချခဲ့
ဇွန်လ (၁၀)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီ (၁၅)မိနစ်အချိန်က ပုလဲမြို့မှာ လေကြောင်းစစ်ကူလာတဲ့ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစီးကို ပစ်ချနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ပုလဲမြို့ ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲကို စကစက ဂျက်ဖိုက်တာနဲ့ လေကြောင်းပစ်ကူပေးဖို့...









