ရေဦးမြို့နယ် တင်းတိမ်ရံရွာဈေးအနီး စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၊ လသားအရွယ်ကလေးငယ်အပါအဝင် (၃)သေဆုံးပြီး (၂)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့
အောက်တိုဘာလ (၉)ရက်။ မနေ့က ညနေ (၄)နာရီခွဲအချိန်မှာ ရေဦးမြို့နယ်အနောက်ခြမ်းရှိ တင်းတိမ်ရံရွာဈေးအနီးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ People’s Defense Comrade(PDC)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညနေပိုင်းက မိတ္ထီလာရှမ်းတဲဘက်ကနေ တက်လာတဲ့...









