အာဆီယံအနေနဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေတာကို အဆုံးသတ်ဖို့ JFM တောင်းဆို
အောက်တိုဘာလ (၂၄)ရက်။ အာဆီယံအနေနဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေတာကို အဆုံးဖြတ်ဖို့ Justice for Myanmar(JFM)က (၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ဒီကနေ့မှာ ထုတ်ပြန်တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ထဲ စစ်အုပ်စုရဲ့ မှားယွင်းတဲ့ နိုင်ငံရေးတရားဝင်မှု ဖန်တီးဖို့အတွက်...









