နွေဦးတော်လှန်ရေးကာလထဲ သေဆုံးခဲ့ရသူ စုစုပေါင်း (၅၀၀၀)ကျော်အထိရှိခဲ့ပြီလို့ AAPP ထုတ်ပြန်
မေလ (၁၇)ရက်။ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလထဲ သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်းဟာ (၅၀၉၂)ဦးရှိခဲ့ပြီလို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတရားအာဏာလုတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆၆၈၈)ဦးရှိခဲ့ကာ အဲ့ဒီထဲက (၂၀၄၆၄)ဦးဟာ...









