ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လူမြင်ကွင်းမှာ ပြန်လည်ထွက်ပေါ်လာ
ဧပြီလ (၂၉) ရက်။ လူမြင်ကွင်းက ပျောက်ကွယ်နေတာ တစ်လနီးပါးရှိလာတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တပ်မတော်ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီကနေ့ သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဒီနေ့ည စစ်ကောင်စီရဲ့ ည (၈) ရာရီ ရုပ်သံသတင်းထုတ်လွှင့်ကနေ သတင်းထုတ်ပြန်လာပါတယ်။...









