“ ကုလသမဂ္ဂ ဘယ်ရောက်နေလဲ” ဆိုပြီး မေးခွန်းထုတ်နေကြပြီလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
မတ်လ (၁၅)ရက်။ “ ကုလသမဂ္ဂ ဘယ်ရောက်နေလဲ” ဆိုပြီး မြန်မာပြည်သူတွေက မေးခွန်းထုတ်နေကြပြီလို့ မတ်လ (၁၃)ရက်နေ့ကပြုလုပ်တဲ့ ကုလလုံခြုံရေးကောင်စီရဲ့ တံခါးဖွင့်အစည်းအဝေးမှာ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်အာဏာသိမ်းပြီးနောက် အပြစ်မဲ့ပြည်သူ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတာအတွက်...









