စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းတာကို ဆန့်ကျင်တိုက်ဖျက်ဖို့ NUCC နဲ့ NLD တို့ ပူးတွဲထုတ်ပြန်
မတ်လ (၁၄)ရက်။ စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းတဲ့လုပ်ငန်းနဲ့ အကောင်အထည်ဖော်မယ့် အစီအမံမှန်သမျှကို ဆန့်ကျင်ကန့်ကွက်ကြဖို့ NUCC နဲ့ NLD တို့က ဒီကနေ့မှာ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အခုအခြေအနေက မဖြစ်မနေ စစ်မှုထမ်းတာ လုပ်ဆောင်ရမယ့်အခြေအနေမဟုတ်ဘဲ အဲ့ဒီလုပ်ရပ်က...









