ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာ အရပ်သားဇနီးမောင်နှံ(၂)ဦးကို စစ်တပ်က ဖမ်းဆီးပြီး အမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့
အောက်တိုဘာလ (၁၈)ရက်။ အောက်တိုဘာလ (၁၆)ရက်နေ့ နံနက် (၉)နာရီအချိန်က ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာ အရပ်သားဇနီးမောင်နှံ(၂)ဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ကန့်ဘလူခရိုင်-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီဇနီးမောင်နှံက ကောလင်း ညောင်ကုန်းရွာကနေ တန့်ဆည်ဘက်ကို...









