မိုးကုတ်နဲ့ မူဆယ်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA ထုတ်ပြန်
မိုးကုတ်မြို့နဲ့ မူဆယ်မြို့တို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ တအာင်းပြည်နယ်၊ တပ်မဟာ(၂)နဲ့ တပ်မဟာ(၁)စစ်ဒေသတွေဖြစ်တဲ့ မိုးကုတ်နဲ့ မူဆယ်တို့မှာ တစ်ရက်ထဲ စက်တင်ဘာလ ၁၇ ရက်နေ့က...