တလတာအတွင်း အာရှလမ်းတစ်လျှောက် တိုက်ပွဲမှာ စစ်တပ်ဘက်က (၃၁) ဦးသေဆုံးခဲ့
တလတာအတွင်း ကော့ကရိတ်-မြဝတီ အာရှလမ်းတစ်လျှောက် နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ စစ်တပ်ဘက်က (၃၁) ဦးသေဆုံးခဲ့တယ်လို့ ဒူးပလာယာခရိုင်ရဲ့ ဒီကနေ့ စက်တင်ဘာလ (၁၄) ရက်နေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကော့ကရိတ်-မြဝတီ အာရှလမ်းမှာ မိုးကြီးမြေပြိုခဲ့ပြီးနောက် ဩဂုတ်လ (၇)ရက်နေ့ကစပြီး စက်တင်ဘာလ...









