ညောင်ပင်ကြီးရွာကို မီးထပ်ရှို့နေ
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာကို စစ်ကောင်စီတပ်တွေက ဒီနေ့မနက်ပိုင်းမှာ မီးထပ်ရှို့နေတယ်လို့ ဒေသခံများထံသိရပါတယ်။ ညောင်ပင်ကြီးတိုက်နယ်ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက မေလ၉ရက်နေ့က တိုက်ခိုက်ပြီးနောက်ပိုင်း စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ တန်ပြန်စစ်ကြောင်းထိုးလာတဲ့အတွက် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ ၁၂ရက်တာကလအတွင်း စစ်ကောင်စီရဲ့ မီးရှို့မှုကြောင့် နေအိမ် ၆၅၀လုံးထက်မနည်းပျက်ဆီးခဲ့ရတယ်လို့...









