ရေကြီးရေလျှံတာကြောင့် နိုင်ငံတ၀န်းမှာ (၁၀၀)ကျော်သေဆုံးတယ်လို့ စစ်ကောင်စီထုတ်ပြန်၊ စစ်ကောင်စီထုတ်ပြန်တဲ့ သေဆုံးစာရင်း မြေပြင်အခြေအနေနဲ့ ကွဲလွဲနေ
စက်တင်ဘာလ (၁၆)ရက်။ စက်တင်ဘာလ (၉)ရက်နေ့ကစပြီး ရေကြီးရေလျှံတာကြောင့် နိုင်ငံတ၀န်းမှာ သေဆုံးသူ (၁၁၃)ဦးရှိပြီး ဒဏ်ရာရသူ (၁၄)ဦးရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၁၄)ရက်နေ့အထိ ရရှိထားတဲ့စာရင်းအရဆိုပြီး စစ်ကောင်စီက ထုတ်ပြန်ထားကာ...