အာဇာနည်နေ့မှာ ပုလောမြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၄)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့
ဇူလိုင်လ (၁၉)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က ပုလောမြို့၊ ဇရပ်ဆိပ်ကျေးရွာအုပ်စုရှိ မိမ္မမြို့ရွာအနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပုလော-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ကောင်စီက မြိတ်လေတပ်ကနေ ဂျက်ဖိုက်တာတစီးနဲ့ မိမ္မမြို့ရွာအနီးကို ဗုံးကြဲသွားပြီး...









