တိုက်ပွဲပြင်းထန်ခဲ့တဲ့ မူဆယ်မှာ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းလာတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရ
စစ်ကောင်စီတပ်နဲ့ တအာင်းတပ်(PSLF/TNLA) တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က အင်အားထပ်မံဖြည့်တင်းလာတာကြောင့် စယ်လန့်ကျေးရွာက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ TNLA ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်(TNLA) တပ်မဟာ(၁)၊...