စစ်တပ်ရဲ့ အကြမ်းဖက်ရက်စက်တာတွေကို အမျိုးသမီး၊ မိန်းကလေးငယ်တွေနဲ့ လူငယ်တွေ ခါးစည်းခံနေရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
ဩဂုတ်လ (၂၈)ရက်။ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် ရက်စက်ယုတ်မာတာတွေကို အမျိုးသမီး၊ မိန်းကလေးငယ်တွေနဲ့ လူငယ်တွေ ဆိုးရွားစွာ ခါးစည်းခံနေရတယ်လို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလပုံမှန်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေတာကြောင့်...









