ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အရင်ကထက် ပိုပြီးအရှိန်မြှင့်လုပ်နေတယ်လို့ စစ်ကောင်စီရွေးကော်ပြော
ဇူလိုင်လ (၈)ရက်။ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အရင်ကထက် ပိုမိုအရှိန်မြှင့်ဆောင်ရွက်ထားတယ်လို့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုရဲ့ မနေ့ကပြုလုပ်ခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်ရမယ့် ရွေးကောက်ပွဲအကြိုလုပ်ငန်းတွေကို ဆောင်ရွက်နေပြီး လုပ်ထုံးလုပ်နည်းတွေကို ကြိုတင်လေ့လာထားဖို့ သူက ဆိုပါတယ်။...









