ဝက်လက်ကရွာများ လေကြောင်းတိုက်ခိုက်ခံရ၊ ဒေသခံ ၂ ဦး ဒဏ်ရာရရှိကာ တဦးမှာ နှလုံးဖောက်သေဆုံး
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ ရွာခြောက်ရွာကို ဧပြီ (၂၇) ရက်ညနေ ၃ နာရီခွဲက မုံရွာ နမခက တက်လာတဲ့ Mi35 စစ်ရဟတ်ယာဉ်နဲ့ မိနစ် ၃၀ နီးပါး လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့...