တရုတ်က မဲခေါင်-လန်ချန်း စီမံကိန်း (၁၄)ခုအတွက် ကန်ဒေါ်လာ (၃)သန်းကျော် စစ်ကော်မရှင်ထံပေးအပ်
ဩဂုတ်လ (၆)ရက်။ မနေ့က နေပြည်တော်မှာ တရုတ်နိုင်ငံက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅)နဲ့ အကောင်အထည်ဖော်မယ့် စီမံကိန်းတွေအတွက် ရန်ပုံငွေလွှဲပြောင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအခမ်းအနားကို စစ်ကော်မရှင်ဝန်ကြီး (၁၀)ဦးနဲ့ ဒုဝန်ကြီးတွေအပါအဝင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်...









