မောင်တောမြို့ရှိ WFP ဂိုဒေါင်ထဲက ဆန်အိတ်တွေကို ယူခဲ့တယ်လို့ စစ်ကောင်စီဝန်ခံ
ဇွန်လ (၂၇)ရက်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ရဲ့ ဂိုဒေါင်ထဲက ဆန်အိတ်တွေကို ယူဆောင်ခဲ့တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီကနေ့ထုတ်သတင်းစာထဲ ပြောဆိုထားချက်အရ သိရပါတယ်။ “ ဒေသခံမွတ်ဆလင်တွေက သတင်းပို့တဲ့အတွက် ဆန်အိတ်တွေကို သွားယူပြီး အိမ်ထောင်စု...