ဂွမြို့မှာ စစ်တပ်ထဲက ထွက်ပြေးတဲ့ တပ်သားတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း အပြန်အလှန်ပစ်ခတ်တာတွေဖြစ်ပွားခဲ့
အောက်တိုဘာလ (၁၄)ရက်။ ရခိုင်ပြည်နယ် ဂွမြို့နယ်အနီး အကြမ်းဖက်စစ်တပ်ထဲကနေ ထွက်ပြေးလာတဲ့ တပ်သားတွေကို လိုက်လံဖမ်းဆီးရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို့ တပ်တွင်းသတင်းတွေအရ သိရပါတယ်။ “ တပ်ထဲကနေ ထွက်ပြေးလာတဲ့ တပ်သားတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်ဖမ်းတာကနေ ဂွမြို့ရိုးကျော်လမ်း...